ၾကားသိသမွ်

ဆန်တန်ချိန်၂၀၀နှင့်Liquid Oxygenတန်၂၅၀အားရန်ကုန်မြို့ရှိ ခက်ခဲနေသောပြည်သူများအား လှူဒါန်းသွားမည်တစ်ဉီးတည်းသောအလှူရှင်

ကိုးကန့် Q စင်တာအတွက် သိန်းပေါင်း ၉၀၀၀ ကျော် လှူဒါန်းခဲ့သော အလှူရှင်မှ ရန်ကုန်နေပြည်သူများအတွက် ဆန်အိတ်နှင့်အောက်ဆီဂျင်များ ထပ်မံလှူဒါန်းသွားဦးမည်

ဆန်တန်ချိန်၂၀၀နှင့်Liquid Oxygenတန်၂၅၀အားရန်ကုန်မြို့ရှိ ခက်ခဲနေသောပြည်သူများအား လှူဒါန်းသွားမည်တစ်ဉီးတည်းသောအလှူရှင်

ကိုးကန့် လူမူဖွံဖြိုးရေးအသင်းမှ ဥက္ကဌဖြစ်သူ ဒေါ်ချောချောအေးမှ လာမည့်ရက်ပိုင်းအတွင်း ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ခက်ခဲနေသော ပြည်သူများအတွက် ဆန်တန်ချိန် ၂၀၀ နှင့် အောက်ဆီဂျင် လိုအပ်နေသူများအတွက် Liquid Oxygen တန် ၂၅၀ အား လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ကိုးကန့်လူမှုဖွံဖြိုးရေးအသင်းမှ သိရသည်။

အဆိုပါကဲ့သို့ လှူဒါန်းရာတွင် ဆန်တန်ချိန် ၂၀၀ကို လောက်ကိုင်မြို့မှ တိုက်ရိုက် မော်တော်ယာဉ်များဖြင့် လာရောက်လှူဒါန်းသွားမည်ဖြစ်ပြီး Liquid Oxygen မ်ားကို လိုအပ်သည့်နေရာ များတွင် အသုံးပြုနိုင်ရန် ကားတစ်စီးလျှင် Liquid Oxygen ၂၅ တန် ဆန့်သည့် မောတော်ယာဉ်များဖြင့် လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။

အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနကို တိုက်ရိုက် လှူဖို့လည်းရှိနေသလို ပြည်သူလူထုကို တိုက်ရိုက် လှူဒါန်းသွားဖို့လည်းရှိတယ်ဟု ကိုးကန့် လူမူဖွံဖြိုးရေးအ သင်း မွ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါကဲ့သို့ လှူဒါန်းရာတွင် ကိုးကန့် လူမှုဖွံ့ဖြိုးရေးအသင်းအ နေဖြင့် ဆန် ၊ Liquid Oxygen နှင့် လောက်ကိုင်မြို့မှ အလှူ ရှင်များ၏ လှူဒါန်းမှုဖြင့် ငွေကျပ်သိန်း ၂,၀၀၀ ကျော်လည်း လက်ရှိတွင် ရရှိထားကြောင်း သိရသည်။

ကျွန်တော်တို့က ဒီလကုန် နောက်ဆုံးထားပြီးတော့ လှူဒါန်းမယ်လို့ ခန့်မှန်းထားတယ်။ ဒီလကုန်လောက်ကို စာရင်းပိတ်ပါမယ်။ဒါကတော့ အကြမ်းဖျဉ်း ယာထားတာပါ။ သတ်မှတ်ထားတဲ့အ ချိန်အမှီ ဆောင်ရွက်သွားမှာပါဟု ကိုးကန့် လူမှုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါ ဆန်တန်ချိန် ၂၀၀ နှင့် Liquid Oxygen တန် ၂၅၀ အား လှူဒါန်းမည့် ကိုးကန့် လူမှုဖွံဖြိုးရေးအသင်းမှ ဥက္ကဌဖြစ်သူ ဒေါ်ချောချောအေးသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင် ကျပ်သိန်းပေါင်း ၉,၀၀၀ ကျော် တန်ဖိုးရှိ လူနာ ၁၂၀၀ ဆန့် တောင်ညီနောင်အဆင့်မြင့် Quarantine Center အား တည်ဆောက် လှူဒါန်းထားမှုရှိသည်။

ကိုဗစ်၁၉_ကိုးကန်း ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း ဒေါ်ချောချောအေး

လေးစားစွာဖြင့်- ခရက်ဒစ်