ကြားသိသမျှ

အိုလံပစ်ဖွင့်ပွဲမှအကြမ်းဖက်အဖွဲ့ပုံစံ ဂျပန်လို ကြေငြာ အရှက်ခွဲခံလိုက်ရတဲ့ စကစ

အိုလံပစ်ဖွင့်ပွဲမှာ စစ်အာဏာသိမ်းတာနဲ့ ပြည်သူကို အကြမ်းဖက်တာ ဂျပန်လိုကြေငြာခံလိုက်ရတဲ့ စကစ။

အိုလံပစ် ဖွင့်ပွဲဆိုတော့ ကိုယ်နေတဲ့ နိုင်ငံမှာ လုပ်တာဖြစ်နေတာရယ် မြန်မာပြည် ကိုယ်စားပြု

ဘယ်လိုတက်လာမယ် ဆိုတာ သိချင်တာကြောင့် (၃)နာရီနီးပါး မလွတ်တမ်း ထိုင်ကြည့်မိတယ်။

နိုင်ငံပေါင်းစုံက ကွင်းထဲ ဝင်ရောက်လာတဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ တည်နေရာနဲ့ လူဦးရေ၊ အိုလံပစ်မှာ

ပါဝင်မှု ဆုတံဆိပ်ရမှု သမိုင်းကို ဂျပန်လို ကြေငြာတယ်ဗဟုသုတရလို့ နားထောင်တယ်။

မြန်မာပြည် အလှည့်ရောက်တော့ ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲက သက်ထားသူဇာပါတဲ့

ကြက်တောင် ပြိုင်ပွဲဝင် (၁)ဦး၊ ရဲထွန်းနောင် သေနတ်ပစ် (၁)ဦးနဲ့ တာဝန်ခံတွေ တယောက်မှ

မပါသလို ဂျပန်လိုကြေငြာသူက ဖေဖော်ဝါရီ (၁)ရက်နေ့က စပြီး ဟိုမအိမ်လုံး အာဏာသိမ်းတာနဲ့

ပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းတာ ပြစ်ပြစ်နှစ်နှစ် ရှင်းပြသွားတယ်။ ဒီလို အိုလံပစ်ပွဲမျိုးမှာ နိုင်ငံတခု

အကြောင်း အစီအစဉ်မရှိပဲ ကြေငြာတယ်လို့ မထင် နိုင်ငံရေးမှာ တိုက်ဆိုင်တယ် ဆိုတာမရှိလို့မြင်တယ်။

တရားမဝင် စကစ သောက်ရှက်ဗြန်းဗြန်းကွဲတာပဲ။ ပြည်တွင်းမှာ ကြက်ဥ၊ အောက်ဆီဂျင်၊ ကိုဗစ်ဆယ့်ကိုး

မြန်မာမှုပြုတာနဲ့ MWD,MRTV ကလိမ်ဆင်တွေနဲ့ တိုင်ပတ်နေချိန်မှာ ဂျပန်တနိုင်ငံလုံး ကြည့်နေတဲ့ Live မှာ

ဂျပန်ပြည်သူတွေ အတွက် စကစ အာဏာသိမ်းတာနဲ့ အကြမ်းဖက် နှိမ်နင်းနေတာကို စပွန်စာမလို

ကြေငြာပေးတာခံရတယ်။ မြန်မာအဖွဲ့မှာ အလံကိုင် ဂျပန် အနောက်က ပါသူ ဂျပန်ပဲပါတယ်။

လက်(၃)ချောင်း ထောင်မှာစိုးလို့ လူတယောက်မှ မပါပဲ တက်ရောက်လို့ သောက်ရှက်ကွဲသလို

အကြမ်းဖက်အဖွဲ့ပုံစံ ဂျပန်လို ကြေငြာ အရှက်ခွဲခံရတယ်။

အရေးတော်ပုံ အောင်ရမည်။

ဒီမိုဝေယံ

#Credit#