ဏ္ဍရီီထဲက ရေနဲ့ အသံထိန်းစနစ်
ရန်ကုန်တက္ကသိိုလ်ဝန်း ထဲမှာ ပြည်လမ်းပေါ်ကကြည့်ရင် လိပ်ခုံးခန်းမ လို့ခေါ်ဆိိုတဲ့အဆောက်အုံငယ်တခုရှိခဲ့ဘူးတယ်။
လိပ်ကျောကုန်းနဲ့တူတဲ့ အမိုးရယ််၊ရေကန်ငယ်လေးနဲ့ မြက်ခင်းပြင်လေးက လိပ်ခုံးခန်းမရဲ့ အလှကို ဖေါ်ညွှန်းနေပါတယ်။
သူ့အနောက်ဘက်မှာ ဆေးတက္ကသိုလ် စာသင်ခန်းမ ၊ အရှေ့ဘက်မှာ အဆင့်မြင့်ပညာဦးစီးဌာန အဆောက်အအုံရှိတယ်။
လိပ်ခုံးခန်းမဟာ အနံံ ၉၃ပေ၊အလျား ၁၅၃ပေ ရှိပါတယ်(ဧရိယာစတုရန်းပေ ၁၄၂၂၉ ပေ ပါ)။
အဲဒီ လိိပ်ခုံးခန်းမနဲ့မြက်ခင်းပြင်လေးမှာဟောပြောပွဲတွေ၊ မင်္ဂလာဧည့်ခံံပွဲတွေကျင်းပကြတယ်။
ဘာလို့ အဲဒီနေရာလေးမှာ ကျင်းပခဲ့ရသလဲဆိုရင် ဧရိယာစတုရန်းပေ ၁၄၂၂၉ ပေ အကျယ်အဝန်းထဲမှာ
ဘယ်နေရာကနေပြောပြော ဘယ်နေရာကနေ နားထောင်နားထောင် အသံကို ပီပီသသ ကြည်ကြည်မြမြ ကြားနေရလို့ပါဘဲ။
အဲဒီလိုထူးခြားချက် ဖြစ်စေတာကတော့ ရေ ကနေ အသံထိန်းစနစ် ( Surrounding Sound System ) နဲ့
လိပ်ခုံးခန်းမ ကို တည်ဆောက်ထားလို့ပါဘဲ။
တည်ဆောက်ခဲ့တဲ့ အဖွဲ့ကတော့ ဗြိတိသျှက Raglan Squire အဖွဲ့ဖြစ်ပြီး လိပ်ခုံးခန်းမ နဲ့ ဗိသုကာဒီဇိုင်းဆု ( ၁၉၆၀) ကို ရရှိတဲ့ အဖွဲပါ။
၃-၃-၁၉၅၄ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု က အုတျမွဈခပြေးခဲ့ပွီး ၁၉၅၇ မှာပြီးစီးခဲ့ပါတယ်။
အင်ဂျင်နီယာကျောင်းသားတွေ အတွက်ရည်ရွယ်တည်ဆောက်ခဲ့ပေမဲ့ ၁၉၅၇-၅၈ ပညာသင်နှစ်တခုတည်းသာ
အင်ဂျင်နီယာသင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၆၀-၆၁ မှာ ဥပစ အပိုင်း(က)(ခ) သင်တန်း ၊
၁၉၆၄ မှစတင်ပြီး ဆေးတက္ကသိုလ်(၁) အဖြစ်ပြောင်းလဲခဲ့ပါတယ်။
မှတ်မိသမျှ ပုံဖေါ်ရရင် အောက်ကြမ်းခင်းကို ဆဋ္ဌဂံံ ပျားအုံကွက် မှန်အထူတွေခင်းထားတယ်။
အလယ်တိုင်မပါတဲ့ ခန်းမကျယ်ဖြစ်တယ်။ခြေထောက်၂ချောင်းထောက်ပေါ်တီကို ရှိတယ်။
မျက်နှာကျက် ကို လျှာထိုးသစ် ၃လွှာခင်းထားပြီး တလွှာနဲ့ တလွှာအကြားမှာ ကတ္တရာပြားတွေပါတယ်။
အမိုးကိုကြေးပြားတွေနဲ့မိုးထားပြီး ကြေးမှိုရိုက်ထားတယ်။ အဆောက်အအုံ ပါတ်လည်မှာ ရေမြောင်းတွေရှိပြီး မှန်အထူတွေနဲ့ အုပ်ထားတယ်။
အဆောက်အဦး ရဲ့ ထောင့်၄ထောင့်မှာ ၄ပေ ပါတ်လည်အကျယ် ရေကန်တွေရှိတယ်။
အဆောက်အဦး အောက်မှာ ရေလှောင်ကန်တခုရှိတယ်။
လူအင်အားနဲ့ အသံကို ချိန်ညှိတဲ့စနစ်ပါ။ လူအင်အားများရင် ရေများများဖြည့် ပြီး ထိန်းညှိရတယ်ဆိုပါတယ်။
အဲဒီခေတ်က ကျောင်းသားတွေ ရဲ့ စိတ်နှလုံးထဲမှာ ရန်ကုန်တက္ကသိုလ်အကြောင်းပြောရင် ကန့်ကော်ပင်တန်းတွေ ၊
သစ်ပုတ်ပင်နဲ့ဂျပ်ဆင်၊အင်းလျားကန် ၊ လိပ်ခုံးခန်းမ တို့က မပါမဖြစ်တဲ့ အရာတွေပါ။
၁၉၉၀ခုနှစ် အရောက်မှာ လိပ်ခုံးအဆောက်အအုံ ကို ကျပ် ၂၅သိန်း ၁သောင်း နဲ့ ရောင်းစားခံခဲ့ရပြီးနောက်ပိုင်းမှာတော့
အင်ဂျင်နီီယာကျောင်းသားတွေအတွက်ကတော့ ရေနဲ့ အသံထိန်းစနစ် တခုဖြစ်တဲ့ (Surrounding Sound System)
ကိိုလေ့လာဘို့ အခွင့်အရေး ဆုံးရှုံးခဲ့ရခြင်းပါဘဲ။
အခုတော့ မိုက်ခရိုဖုန်းမလို ၊ ဆောင်းဘောက်မလို ဘဲ ရေနဲ့ အသံထိိန်းညှိတဲ့ လိပ်ခုံးခန်းမ
ရှိခဲ့ဘူးတယ်ဆိိုတာ ဒဏ္ဍရီ တခုအဖြစ် ရှိနေပါတော့တယ်
တင်ပြသူအားလေးစားစွာဖြင့်- ခရက်ဒစ်