ထောင်ထဲကလူတွေ ဆန္ဒပြကြတယ်ဆိုတာ ခက်ခဲလွန်းလို့ ပြကြတာပါ။
တော်ရုံနဲ့ မလုပ်ကြပါဘူး။ ထွက်ပြေးစရာမြေဆိုလို့ တစ်လက်မတောင်မရှိပါဘူး။
ဦးဆောင်သူတွေရော ပါဝင်သူတွေရောအားလုံးဟာ ကိုယ့်အသက်ကို မငဲ့ပဲရင်းပြီးတိုက်ပွဲဝင်ကြတာပါ။
ဒါကြောင့် အခုအချိန် အင်းစိန်ထောင်မှာ တိုက်ပွဲဝင် ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ
ဘယ်လောက်ထိ ဖိနှိပ်မှု့တွေ မွန်းကျပ်မှု တွေခံစားနေရပြီး မခံမရပ်နိုင်ဖြစ်နေကြလဲဆိုတာ
အလွယ် တကူ မှန်းဆကြည့်နိုင်ပါတယ်။
ထောင်တွင်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွါးကူးစက်မှု့ အရမ်းပြင်းထန်လာလို့ မခံမရပ်နိုင်ပဲ
တိုက်ပွဲဝင်ရတာဖြစ်ဖို့များပါတယ်။ ထောင်အပြင်က ပြည်သူတွေကိုတောင် ထိထိရောက်ရောက်
မကုပေးနိုင် မစီစဉ်ပေးနိုင် စေတနာမထားနိုင်တဲ့ စစ်ကောင်စီဟာ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားအပါဝင်
အကျဉ်းသားအားလုံးကို ဘယ်လိုမှ ကုသပေးကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။
မတွေးဝံ့လောက်အောင် အသက်ဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသက်ဘေးမငဲ့ပဲ
ဆန္ဒပြနေကြတာဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထပ်တူထပ်မျှရပ်တည်ပါတယ်။ နိုင်ငံရေး
အကျဉ်းသားများတောင်းဆိုချက်ကို လိုက်လျှောပေးပါ။ အိုင်စီအာစီ အပါအဝင် နိုင်ငံတကာ အဖွဲ့စည်းများနဲ့
နိုင်ငံတကာမိသားစုများအားလုံးက အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ
ကိုကာကွယ်ကူညီပေးကြပါလို့ တိုက်တွန်းတောင်းဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားများအားလုံး ရဲ့နောက်ဆက်တွဲ အကျိုးဆက်များအားလုံးဟာ စစ်ကောင်စီရဲ့တာဝန်သာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးပါ လို့တောင်းဆိုပါတယ်။
ထောင်တွင်းတိုက်ပွဲဝင်တောင်းဆိုနေတဲ့ ရဲဘော်များအားလုံးကို လေးစားဦးညွှတ်ပါတယ်။
ဘေးကင်း ကျန်းမာပြီး အောင်ပွဲနဲ့အတူ အမြန်ဆုံးပြန်လည်လွတ်မြောက်ကြပါစေ။
Credit; May Thingyan Hein; Myitmaka