NUG ကတော့ ပြည်သူအပေါ် ကတိတည်တယ်
ဒေါက်တာစင်သီယာမောင်၊ ဆရာဇော်ဝေစိုး၊ ပဒိုမန်းမန်း တို့ ဦးဆောင်ကာ NUG အစိုးရ နှင့်
တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်တဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့
(CTF) ကို July 17 ရက်နေ့က ဖွဲ့စည်းပြီးပါပြီ။
UN အေဂျင်စီတွေ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့အကူအညီတွေ
ရဖို့နဲ့ NUG ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ အကုန်ပါဝင်ပါမည်။
CTF သည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပဲ UN ၊ ASEAN နဲ့ နိုင်ငံတကာ
အစိုးရများအပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများဆီမှ ကာကွယ်ဆေးအပါအဝင် နည်းပညာ၊
ဘဏ္ဍာရေးအကူအညီများ ထောက်ပံ့ရန် တောင်းဆိုထားပြီးလည်းဖြစ်သည်။
ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) အား အပြည့်အဝ ထောက်ခံကြိုဆိုပါသည်။
အားတင်းထားကြပါ သွေးချင်းများ…။