ပရိတ်သတ်ကြီးရေ….ဟာသ သရုပ်ဆောင်၊ လူရွှင်တော် ငြိမ်းချမ်းဟာဆိုရင် ထူးခြားဆန်းပြားတဲ့
ဟာသပျက်လုံးတွေနဲ့အတူ မရိုးနိုင်အောင်စင်မြင်ထက်မှာ ကပြနိုင်ခဲ့တဲ့အတွက် ပရိတ်သတ်တွေရဲ့
ချစ်ခင်အားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်နော်။
လူရွှင်တော် ငြိမ်းချမ်းဟာ ပြီးခဲ့တဲ့နှစ်အတွင်းက
မျက်နှာလေတခြမ်း ဖြတ်သွားခဲ့ပြီး၊ ကျန်းမာရေး ပြန်ကောင်းလာပြီးနောက် မိသားစုနဲ့အတူ
အွန်လိုင်းမှာ အဝတ်အထည်များ Live Sale ရောင်းချနေသူ ဖြစ် ပါတယ်။
ဦငြိမ်းချမ်းက ဇူလိုင်လ (၂၂) ရက်နေ့မှာကိုဗစ်ရောဂါကိုခံစားနေရပြီး အနံ့ပျောက်ကာ နေမကောင်းဖြစ်နေတဲ့
အကြောင်းအခုလိုပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။“ဒီနေ့ အနံ့ပျောက်သွားပြီး ဖျားနေပြီ။
ကိုယ်ခန္ဓာ တခုလုံး အသားတွေ နာတယ်။ အကြောတွေ တက်နေတယ်။ ငါမရှိလို့မဖြစ်၊ ငါ့မိသားစု
အတွက် ငါနေကောင်းရမယ်။ အကောင်းဆုံး ကျော်ဖြတ်နိုင်ရမယ်”လို့ ငြိမ်းချမ်းက ဆိုပါတယ်။
မြန်မာပြည်အနှံ့ပြန့်ပွားကူးစက်နေတဲ့ ဒီကိုဗစ်ရောဂါကပ်ဆိုးကြီး မြန်မာပြည်ကနေအမြန်ဆုံး
ထွက်သွားရအောင်ဆုတောင်းရင်း ဦးငြိမ်းချမ်းလည်း ဒီကိုဗစ်ရောဂါကြီးကို အံတုကြော်လွှားနိုင်ပြီး
အရင်လိုဆန်းသစ်ပြောင်မြောက်တဲ့ပျက်လုံးတွေနဲ့စင်မြင့်ထက်မှာ ပြန်လည်ကပြနိုင်ပါစေလို့ဆုမွန်
ကောင်းတောင်းပေးလိုက်ပါတယ်.။ပရိတ်သတ်ကြီးကလည်း ဦးငြိမ်းချမ်းအတွက်ဆုတောင်းမေတ္တာ
ပို့သပေးပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူ းပဲကျေးဇူးတင်ရှိပါတယ်.။
Source – Nyein Chan’s Facebook acc
Credit ; Celebrity Platforms