ကိုဗစ်လက်နက်
စကစဟာ ရှေ့မှာနိုင်ခြေက Zero အဆင့်ထိထိုးဆင်းလို့သွားတော့
သူ့နောက်ဆုံးလက်နက်ဖြစ်တဲ့ ကိုဗစ်ကို ထုတ်သုံးလာတယ် ကိုဗစ်ကြောင့်
သူလုပ်နိုင်တာက နယ်မြေတွေကျုံလိုက်တာပဲဒီအတွက် သင်တန်းဆင်းPDF တွေကို
ကိုအသေအခြာစီစစ်လို့ရသွားပြီး လူတွေအာရုံမှာ တော်လှန်ရေးအစား ကိုဗစ်အသံကိုပေးထားလိုက်တယ်
တစ်ဖက်မှာ အရှိန်ပိုပိုတက်လာတဲ့ PDF မြို့ပြပြောက်ကျားတိုက်ခိုက်မူ့တွေကို လျော့ချလိုက်တယ်
လူတွေ အာရုံပိုပြီးစိုက်အောင် အရေးတကြီးလိုအပ်နေတဲ့ အောက်စီဂျင်ကို ပိတ်ပင်လိုက်တယ်
အားလုံးအောက်စီဂျင်ရရေးဖြစ်သွားတော့ ဘယ်နေရာမှာ ဗုံးကွဲတယ်
ဘယ်ဒလန်တွေ အရှင်းခံရတယ်စိတ်မဝင်စားတော့ဘူး ဒါဟာ စခတွေရဲ့ ယုတ်မာပက်စက်တဲ့
ကိုဗစ်ကိုအသုံးချ နိုင်ငံရေးလက်နက်အဖြစ်သုံးလာတာပါပဲ
ကိုဗစ်ကိုလဲ ဂရုတစိုက်မကုပေး Qစင်တာတွေလဲစနစ်တကျမရှိအောက်စီဂျင်လဲဖြတ်တောက်လို့
မသေသင့်ပဲ လူတွေသေကြရတယ်ဒီအတွက် စကစဟာ ဘာမှခံစားချက်မရှိပါဘူး
သူကအာဏာရရေး စစ်ဆင်ရေးလုပ်နေတယ်ပဲ သဘောထားတာပါ
အချိန်တန် ပါးစပ်တွေပိတ်သွားမယ် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ငါတို့အုပ်ချုပ်တာခံရမယ်
ဒီလိုပဲ ယူဆထားပါတယ်ကိုဗစ်ဟာ စကစအတွက် အသုံးတည့်တဲ့လက်နက်တစ်ခုပါပဲ
ပြည်သူ့အစိုးရခေါင်းဆောင်အတော်များများကို ဖမ်းထားပါတယ်
ထောင်ထဲမှာလဲ ကိုဗစ်ကူးစက်နေတယ်လို့ အသံတွေလွှင့်လာပါတယ်
ဒီအခါ စကစဟာသူတို့သေစေချင်သူကို ထောင်ထဲမှာအလွယ်တကူသတ်လို့ရသွားပါမယ်
သေရင်ကိုဗစ်ကြောင့်သေတယ်လို့ ဆေးစာထုတ်ပြရုံပါပဲစကစဟာ ကိုဗစ်ခံစစ်အတွက် သူတို့ထိပ်ပိုင်းခေါင်းဆောင်
မိသားစုတွေကိုစစ်ကိုင်းတောင်ကိုပို့ထားပြီးလုံခြုံရေးတင်းကျပ်စွာနဲ့ထားထဲက ကိုဗစ် planနဲ့
တိုက်တော့မယ်ဆိုတာ ရိပ်စားမိပါတယ်အခုပြည်သူဟာ အဓိကကျတဲ့ တော်လှန်ရေးထက်
ကိုဗစ်ကာကွယ်ရေးအတွက် ပိုမိုအာရုံထားလာတာသူတို့အတွက် အောင်ပွဲတစ်ခုလိုဖြစ်သွားပါတယ်
ဒါပေမယ့် လဲသူတို့လုပ်ကွက်ဟာ သူတို့ဆရာတရုတ်လုပ်ကွက်အတိုင်းဆိုပေမယ့်
တရုတ်က သူ့နိုင်ငံသား ၄၀၀၀ကျော်လောက်ထိုးကျွေးပြီး ကမ္ဘာကသန်းနဲ့ချီတဲ့ လူတွေကိုတိုက်ခဲ့တာပါ
MAHကတော့ သူအာဏာရရေးအတွက် ပြည်သူကိုကိုဗစ်နဲ့တိုက်တာ သံသယဖြစ်စရာမလိုတော့ပါဘူး
ပြည်တွင်းမှာ PDF တွေတည်ငြိမ်ရင် နိုင်ငံတကာမှာသူဖိအားလျော့မယ်လို့ထင်နေပုံရပေမယ့်
မမျှော်လင့်ပဲ ကိုဗစ်ဟာ အဆမတန်ကူးစက် လာတော့ သူထိန်းမနိုင်ဖြစ်လာသလို အောက်စီဂျင် ကန့်သတ်ပိတ်ပင်မူ့တွေကြောင့်
ကမ္ဘာ့သတင်းတွေထိ ပြန့်နှံသွားတဲ့အခ UNက မြန်မာကို မဖြစ်မနေကယ်တင်ရတော့မယ်ဆိုတာ သိလာကြပါပြီ
ပိတ်ပင်တားဆီးမူ့တွေဟာ Genocide မြောက်တယ်လို့လဲ ယူဆလာတော့ စကစအတွက် နိဂုံးဟာ
တဖြည်းဖြည်းနီးကပ်လို့လာပါပြီ သတိပေးချင်တာက ကိုဗစ်ကိုလဲ မဖြစ်အောင် ဂရုစိုက်ကြပါ
PDFတွေရဲ့ မြို့ပြပြောက်ကျားတော်လှန်ရေးကိုလဲ အရှိန်ဆက်တင်ကြပါ
စကစဟာ နောက်ဆုံးလက်နက်ထုတ်သုံးပြီးပါပြီပြည်သူတွေကြံကြံခံနိုင်ဖို့လိုပါတယ် UN အနေနဲ့လဲ မြန်မာပြည်ကို
အမြန်ဆုံးကယ်တင်ပေးဖို့လိုပါတယ် ဒီတစ်ချိန်သာနောက်ကျခဲ့ရင်မြန်မာပြည်သူ သန်းနဲ့ချီပြီး
စကစလက်နက် ကိုဗစ်နဲ့သေဆုံးသွားနိုင်တယ်ဆိုတာ သတိပြုပေးပါလို့ တောင်းဆိုလိုက်ပါတယ်ဗျာ
မုဆိုး လက်