မြန်မာရေတပ်သဘောင်္များအမြန်ဆုံးထွက်ခွာရန် သတိပေးခဲသော်လည်း
လိုက်နာခြင်းမရှိ၍ ဘင်္ဂလားဒေ့ရ်ရေတပ်များစေလွှတ်ခဲ့ဟုဆို
ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ကျူးကျော်သွားသော မြန်မာ့ရေတပ်မှ သင်္ဘောများ အမြန်ဆုံး
ပြန်လည်ထွက်ခွာရန် ဘင်္ဂလားဒေ့ရှ်မှ သတိပေးခဲ့သော်လည်း မြန်မာ့ရေတပ်ဘက်မှ နာခံခြင်းမရှိသောကြောင့်
ဘင်္ဂလားဒေ့ရှ်ရေတပ်များ စေလွှတ်ခဲ့ရကြောင်း Bangladesh Defence Analyst က ရေးသားထားသည်။
မြန်မာ့ရေတပ်သည် ယခုအချိန်အထိ ခေတ်မီရေတပ်အင်အားကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးကြောင်း၊
မြန်မာ့ရေတပ်၏ လေ့ကျင့်ရေးနှင့် လက်နက်ကိရိယာများမှာ ဘင်္ဂလားဒေ့ရှ်ရေတပ်အား
ပင်လယ်ပြင်တွင် စိန်ခေါ်ရန် အဆင်သင့်မဖြစ်သေးကြောင်း၊
ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံတိုင်းအပေါ် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုရရှိရန် အမြဲအသင့်ရှိနေပြီး
အဆိုပါနိုင်ငံများမှ နှောင့်ယှက်ထိပါးလာပါက ငြိမ်ခံနေမည်မဟုတ်ကြောင်း၊ စစ်ပွဲမှတစ်ဆင့် ငြိမ်းချမ်းရေး
တည်ဆောက်ရမည်ဆိုလျှင်လည်း လိုအပ်ပါက လက်သင့်ခံမည်ဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။