ၾကားသိသမွ်

Dr.ဆာဆာမှ မြန်မာပြည်သူများသို့ ပန်ကြားချက် နှင့် သတင်းကောင်း

ချစ်ခင်ရပါသော မြန်မာပြည်သူထုကြီးနှင့် ရဲဘော်ရဲဘက်များ သူရဲကောင်းများခင်ဗျာ..

ယနေ့ ကျွန်တော်တို့ နွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်ဟာ အရမ်းကိုနီးကပ်နေပြီဆိုတာ

ပထမဦးစွာ သတင်းကောင်းပါးချင်ပါတယ်။

ကျရူံးနေပြီဖြစ်တဲ့ မိအောင်လိုင်နှင့် အကြမ်းဖက် အုပ်စုဟာမကြာခင် တရားစီရင် ရတော့မှာပါ။

CRPH ပြည်သူ့လွှတ်တော်နှင့် NUG အရပ်သားအစိုးရ ပြည်သူ့အစိုးရ ဝန်ကြီးဌာနအားလုံးကလည်

ကိုယ်ကျရာ ဝန်ကြီးဌာနအလိုက် အစွမ်းကုန်ကြိုးစား လုပ်ဆောင်နေကြကြောင်းလည် သတင်းစကားပါးချင်ပါတယ်။

မြန်မာပြည်သူများအနေနှင့် ဒီချိန်အမှာ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးနှင့် ရက်စက် ကြမ်းကျုတ်တဲ့ အကြမ်းဖက်မူတွေ

တပြိုင်နက်တည်း ရင်ဆိုင်နေရတာလည် ကျွန်တော်တို့ စိတ်မကောင်းစွာသိရှိနေပါတယ် ဒါတွေ

အားလုံးအဆုံးသတ်ဖို့ ကျွန်တော်တို့အနေနှင့် နေ့ညမပျက်အလုပ်လုပ်နေပါတယ်။

အားတင်းထားပေးပါ မြန်မာပြည်သူများ မကြာတော့တဲ့အချိန်ကာလတစ်ခုမှာ မိမိတို့

ပျော်လင့်တောင်းတနေတဲ့ လွတ်လပ်ရေး နှင့် ဒီမိုကရေစီအပြည့်ဝကို ကျွန်တော်အားလုံး ရယူခံစားနိုင်တော့မှာပါ။

ဒီမတိုင်မှီအချိန်ကာလတစ်ခုမှာ မြန်မာပြည်လူထုများအနေနဲ့ ကျေးဇူးပြုပြီး Covid-19ကပ်ရောဂါဆိုးကြီးကို

အသတ်နိုင်ဆုံး မိမိကိုယ်ကို ကာကွယ်နိုင်ရန် သတိထား နေထိုင်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

ကျေးဇူးပြုပြီး တော်လှန်ရေး ပြီးဆုံးသည့်အထိ အသက်ရှင်ပေးကြပါလို့ ထပ်လောင်း တောင်းဆိုချင်ပါတယ်။

Covid-19 ရောဂါဟာ ဆေးမရှိသေးပါ ကပ်ရောဂါရဲ့ အကောင်းဆုံးဆေးဟာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ကျန်မာရေး ဝန်ကြီးဌာနအနေနှင့်လည် covid ကာကွယ်ရေး ပညာပေးသတင်းကို နေ့စဉ်တင်ဆက်ပေးနေပါတယ်။

ချစ်ခင်ရပါသော ပြည်သူလူထုအနေနှင့်လည် အသတ်နိုင်ဆုံး ကျန်းမာရေး ဝန်ကြီးဌာန ညွန်ကြားချက်အတိုင်း

လိုက်နာပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

ကမ္ဘာကြီးက ကျွန်တော်တို့ ပြည်သူများနှင့် ရပ်တည်ပေးနေပါတယ်။

ကမ္ဘာ့အဖွဲ့စည်းပေါင်းများစွာလည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးနေကြောင်းသတင်းကောင်း

ပါးရင်းနှင့် နိဂုံးချုပ် ပြောကြားအပ်ပါတယ်။

မြန်မာပြည်တွင် ဒီမိုကရေစီ ထွန်းကားလိမ့်မည်။

မြန်မာပြည်တွင်တရားမျှတမူက လွှမ်းမိုးလိမ့်မည်။

federal ပြည်ထောင်စုကြီး ပေါ်ပေါက်လိမ့်မည်။

federal တပ်မတော်ကြီး တောက်ပလိမ့်မည်။

မြန်မာပြည်သူများနှင့် မြန်မာပြည်ကြီးကို ဘုရားသခင်ကောင်းကြီးပေးပါစေ။

အရေးတော်ပုံ မကြာမှီအောင်တော့မည်။

အောက်ချင်းငှက်

dr.sasa