ကိုဗစ္ ရောဂါကူး စက်မှုတွေကတော့ မထိန်းနိုင်လောက်အောင် နေရာအနှံ့အပြားမှ
ာ ဖြစ်ပေါ်လျက်ရှိပါတယ် ။ ရောဂါပိုးက ပြင်းထန်လို့ အသက်ဆုံးရှုံးရသူတွေလည်း
များစွာရှိနေတာကို တွေ့ရပါတယ် ။ မိသားစုဝင်တွေ ဆုံးရှုံးရလို့ စိတ်သောကရောက်နေ
ကြသူတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကြရတာ အမှန်ပါပဲ။
ဒီနေ့ဆိုရင်လည်း ကိုဗစ်ကြောင့် ဖခင်မဲ့ သွားရတဲ့ ကလေးငယ်လေးသုံးယောက်ရဲ့
အဖြစ်က တကယ်ရင်နင့်စရာပါပဲ ။ ကလေးငယ်လေးတွေက ဖခင်ကိုပဲ မှီတွယ်နေရပြီး ခုလို
ကိုဗစ်ကြောင့် ရုတ်တရက်ဆုံးသွားတော့ နေစရာအိမ်မရှိလို့ ဒုက္ခရောက်နေကြတယ်လို့သိရပါတယ် ။
ဒါ့ကြောင့် ပြည်သူတွေက ဝိုင်းပြီး ကလေးငယ်လေးတွေအတွက် အလှူငွေများ
လှူဒါန်းကြတာကိုတွေ့ရပါတယ် ။ ဒီထဲမှာ အဆိုတော် အားတီလည်း အပါအဝင်ပါပဲ ။
ကလေးလေးတွေအတွက် အလှူငွေ (၅) သိန်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ် ။ အားတီရဲ့
စိတ်လေးကို လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
CRD – Cele Zone