သရုပ်ဆောင်စူးရှထက်ကတော့ လက်ရှိမှာ သာသနာ့ဘောင်ဝင်ရောက်နေတာ ဖြစ်ပေမယ့်
ပြည်သူတွေအတွက် လိုအပ်တာတွေ ကူညီလှူဒါန်းနေတာ ဖြစ်ပါတယ်..။ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက
သီလရှင်ဝတ်နေတာဖြစ်ပြီး စားသောက်ကုန်တွေ လှူဒါန်းနေတဲ့အပြင် ရှားပါးလွန်းနေတဲ့
အောက်ဆီဂျင်အိုးတွေလည်း လှူဒါန်းနေတာ ဖြစ်ပါတယ်..။
အောက်ဆီဂျင်ပြတ်လပ်မှုတွေကြောင့် အသက်ပေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေရဲ့
အပူသောကတွေကို တတ်နိုင်သလောက် ဖြေလျော့ပေးနေတာဆိုလည်း မမှားပါဘူး..။
အောက်ဆီဂျင်အိုးတွေကို ဆရာတော်ဘုန်းဘုန်းထံ ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပြီး သူမနဲ့အတူ
ကုသိုလ်ပါဝင်ခဲ့တဲ့ စေတနာရှင်ကို ဆုတောင်းစကားလေး ပြောပေးထားပါသေးတယ်..။
“ဒီနေ့အတွက် ဆရာလေးရဲ့အောက်စီဂျင် အလှူလေးပါပါဝင်လှူဒါန်းပေးသော် ဒကာ ကိုအားပေါင်
Ahpow Ahpow နဲ့ မိသားစု နောင်ဒီထက်မက အလှူရေစက်လက်နဲ့မကွာလှူဒါန်း နိုင်ပါစေ” ဆိုပြီး သူမရဲ့
အလှူကုသိုလ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။လက်ရှိအချိန်မှာ ပြည်သူတွေအတွက် အရေးတကြီး
လိုအပ်နေတဲ့ အောက်ဆီဂျင်အိုးတွေ လှူဒါန်းလိုက်တဲ့ ဆရာလေးရဲ့ ကုသိုလ်တွေကို
အားလုံးက သာဓုခေါ်ဆုတောင်းပေးနေကြမှာ ဖြစ်ပါတယ်..။
CRD – Myanmarload