လက်ရှိအခြေအနေတွေမှာ အောက်ဆီဂျင် ရှားပါးပြတ်လပ်မှုကြောင့် လူအများသေဆုံးနေကြရပြီ
း ပြည်သူတွေက အချင်းချင်း ဖေးမကူညီနေကြတာ ဖြစ်ပါတယ်..။အောက်ဆီဂျင်အိုးတွေကို
အဆမတန်ဈေးတင်ပြီး ရောင်းချမှုတွေအပြင် လိမ်လည်နေတဲ့လူတချို့ရဲ့ စာနာစိတ်ကင်းမဲ့မှုတွေကြောင့်လည်း
ဒုက္ခရောက်ရတာတွေ ရှိနေတာတွေ့ရပါတယ်..။
သရုပ်ဆောင်မင်းသမီး စိုးပြည့်သဇင်ကတော့ လတ်တလောမှာ သူမအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ
ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။အောက်ဆီဂျင်အတွက် အလှူငွေ (၁၁)သိန်းကို
ပရိသတ်တွေနဲ့အတူ စုပေါင်းပြီး ခိုင်နှင်းဝေရင်ခွင်ရိပ်မြုံဂေဟာမှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။
“ဤကုသိုလ်ကောင်းမှုသည်မြန်မာပြည်သူပြည်သားများရောဂါကပ်ဆိုးဘေးမှလွတ်မြောက်စေသော
အထောက်အပံ့ဖြစ်ရပါစေ…” ဆိုပြီး ဆုတောင်းစကားဆိုထားတာ ဖြစ်ပါတယ်..။
လိုအပ်နေတဲ့အချိန်မှ
ာ Fan တွေနဲ့အတူ အများပြည်သူအတွက် လှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ စိုးပြည့်သဇင်ရဲ့
ကောင်းမှုကုသိုလ်လေးတွေကတော့ တကယ်ကို သာဓုခေါ်စရာကောင်းလွန်းပါတယ်..။
CRD- Myanmarload