ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဗာလ်းဗုမ်းကျေးရွာမှ ကလေးနေမကောင်းလို့ မန္တလေးဆေးရုံသို့ဆေးကုသဖို့သွားနေတဲ့
လင်မယားနဲ့ကလေးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်တွင် မကွေးတိုင်း ပုလဲမြို့နယ်မူးယစ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး
သယ်ဆောင်မှုမှာ အားပေးကူညီမှုနဲ့ဖမ်းဆီးပြီး ထောင်ထဲမှာ ကလေးသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။
ဖြစ်စဉ်မှာ တီးတိန်မြို့နယ် ဗာလ်းဗုမ်းကျေးရွာနေ ဦးနိန်မွမ်းလျန်း နဲ့ ဇနီး ဒေါ်ထွေနူးဟာ ၎င်းတို့သား ၁ နှစ်အရွယ်
မောင်မန်းသွဲဟွဲ ကျန်းမာရေးမကောင်းလို့ ၂၀၂၀ ပြည့်နှစ် ၁၀ လပိုင်းတွင် မန္တလေးဆေးရုံမှ
ာ တစ်လကျော်ကြာကုသကြပြီး ဇာတိရွာသို့ပြန်လာကြပါတယ်။
ဆေးရုံသို့လူနာထပ်ပြမယ့်ချိန်မှာ ကိုဗစ်ရောဂါကူးစက်မှုကြောင့် ခရီးသည်တင်ကားတွေရပ်နားတာကြောင့်
မန္တလေးမှာ ကားဝယ်ဖို့သွားမယ့် ကလေးမြို့နေ အမျိုးသားတစ်ဦးရဲ့အိမ်စီးကားနဲ့အတူလိုက်ပါသွားကြပါတယ်။
ဂန့်ဂေါအကျော် မကွေးတိုင်း ပုလဲမြို့ရောက်တဲ့ချိန်မှာ မူးယစ်ရဲတပ်ဖွဲ့တွေက ၎င်းတို့စီးလာတဲ့ကားကိုရပ်ခိုင်းကာ
၎င်းတို့ရှေ့ ခင်အေးနတ်ဂိတ်မှာ မူးယစ်ဆေးဝါးနဲ့အတူဖမ်းဆီးထားတဲ့ ၁၂ ဘီးကားဟာ သူတို့လိုက်ပါတဲ့ ကားပိုင်ရှင်ရဲ့
ပစ္စည်းလို့ဆိုကာ အားလုံကိုးဖမ်းဆီးခဲ့ကြပါတယ်။
ဦးနိန်မွမ်းလျန်ရဲ့ သူငယ်ချင်းတစ်ဦးက “သူတို့မှာ အပြစ်လုံးဝမရှိပါဘူး။ ကားတောင် လမ်းကြုံလို့ လိုက်တာပါ။
ဆွေမျိုးတွေ မဟုတ်သလို အသိတွေလည်း မဟုတ်ပါဘူ။း ဘာမှ ဆက်နွယ်မှု မရှိတဲ့ ဥစ္စာ တရားရုံးက မသင်္ကာမှု နဲ့ တရားစွဲထားတယ်။
အဲဒီ စိတ်တွေကြောင့် သူတို့အိမ်မှာရှိတဲ့ ဖခင်(ကလေးအဘိုး)လည်း စားမဝင်အိပ်မပျော်ဖြစ်ကာ ဇန်နဝါရီ ၆ ရက် ၂၀၂၁ မှာကွယ်လွန်တယ်။
မကျန်းမာတဲ့ သူတို့ကလေး ထောင်ထဲမှာဆုံးရှုံးခဲ့ရပြီ (မတ် ၂၃ ရက်၊ ၂၀၂၁)။ ပုလဲစခန်းမှုး က တရားလို လုပ်ပြီး အားပေးကူညီမှု နဲ့ အမှု ဖွင့်ထားတာပါ။
ခုထိ အမိန့်မချ သေးဘူး။ မုံရွာထောင်ထဲမှာ အခု ၈လ ကျော်နေပြီ။ စစ်ကောင်စီ က ပထမ အကြိမ် လွတ်ငြိမ်းချမ်းသာခွင့်
ပေးတဲ့ချိန် ပြန်လွတ်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ မပါခဲ့ပါဘူး။ ခုတစ်ခေါက် မပါပါဖြစ်အောင် ဆုတောင်းရင်း အကူအညီ တောင်းတာပါ။
သူတို့မိဘ တွေက သာမန်ဆင်းရဲသားတွေဖြစ်ပြီး ရှေ့နေ မဌားနိုင်ပါဘူ။း ကူညီပေးနိုင်မယ့် ရှေ့နေ ရှိရင် ကူညီပေးကြပါ။
သူတို့ အိမ်မှာ ကျန်ခဲ့တဲ့ သမီးတစ်ယောက် ရှိသေးတယ်” လို့ပြောပါတယ်။
Credit;