သွေးမတော်သားမစပ်ပေမယ့်ရင်ဘတ်ချင်းတူခံယူချက်ချင်းတူ လစာ၊ရာထူးကိုခေတ္တစွန့်လွတ်အနစ်နာခံ
အခက်ခဲခံပြီးကြိုးစားရုန်းထွက်CDMပြုလုပ်ရပ်တည်ခဲ့ကြသော တော်လှန်ရေးမောင်နှမများအားဂုဏ်ယူပါတယ်ရှင့်
ဒီမိုကရေစီ ရရှိဖို့အမှန်တရားဘက်မှာရပ်တည်နိုင်ဖို့CDMလုပ်ခဲ့ကြတယ် တကယ် မလွယ်ပါဘူး ဘဝတူတွေမို့
ကိုယ်ချင်းစာမိတယ် ကူညီချင်တဲ့စိတ်ရှိသော်လည်းကူညီနိုင်ဖို့မတတ်နိုင်တဲ့အတွက်ဝမ်းနည်းမိပြန်ရောအဲချိန်
ကိုယ်ဘာလုပ်ပေးနိုင်လည်းဆိုတဲ့အတွေးဝင်လာတယ် ကိုယ်အားပေးစကားပြောနိုင်တယ်ဆိုပြီးပေါ့လေ စိတ်ဓာတ်
အရမ်းကျပြီးစိတ်အားငယ်နေတဲ့CDMမောင်နှမတွေပို့စ်တွေမြင်ရတွေ့ရလို့ပါ ဖိုက်တင်း ပါနော် စိတ်ဓာတ် မကျပါနဲ့
မနက်ဖြန်တိုင်းမှာယုံကြည်မျှော်လင့်ချက်များနဲ့ရှင်သန်ပါ ကျွန်မတို့ဟာခုချိန်မှာရောဂါဘေးရောမအလမင်းဆိုးမင်း
ယုတ်ဘေးရောရင်ဆိုင်နေရချိန်မှာ စိတ်ဓာတ်ကြံ့ခိုင်နေဖို့လိုပါတယ် ကျွန်မတို့လက်တွေဟာမိမိတာဝန်ထမ်းဆောင်ခဲ့ရတဲ့
အလုပ်တစ်ခုကိုပဲလုပ်နိုင်ကြတာမဟုတ်ပါဘူးရှင် ရောက်တဲ့နေရာရတဲ့အလုပ်မျိုးစုံကိုသမာအာဇီဝနည်းလမ်းဖြင့်လုပ်ကိုင်
ရှာဖွေနိုင်တဲ့အထိသန်မာကြပါတယ် ကျွန်မတို့ခြေထောက်တွေဟာလည်းမိမိတို့အလုပ်အကိုင်တာဝန်ကျရာလမ်းကိုသာလျှောက်
လှမ်းနိုင်ခဲ့တာမဟုတ်ပါဘူး ကြမ်းတမ်းတဲ့ကံကြမ္မာခရီးလမ်းကိုလည်းလျှောက်လှမ်းနိုင်တဲ့အထိသန်မာကြပါတယ် ကိုယ်စိတ်
တွေပြိုလဲအောင်ဘယ်သူကမှမလုပ်နိုင်ပါဘူးကိုယ်တိုင်သာလုပ်နိုင်တယ် ဒါကြောင့် သန်မာပေးကြပါရှင့် ကျွန်မတို့တာဝန်
ထမ်းဆောင်ခဲ့ရတဲ့အလုပ်တွေ တာဝန်ကျရာအရပ်တွေမှာလည်း ကြိုးစားလုပ်ဆောင်ခဲ့ကြတာပဲရောက်တဲ့အရပ်မှာ အမှတ်
တရတွေချန်နိုင်ခဲ့ကြတာပဲလေ ကျွန်မတို့အတူကြိုးစားနိုင်မှာပါရှင် အောက်ကပုံတွေကကြွားတာမဟုတ်ပါဘူးကိုယ်လုပ်ခဲ့တဲ့
ကိုယ်လက်ရာအမှတ်တရတစ်ချို့ နဲ့ယခုလက်ရှိကိုယ့်ဘဝဖြစ်တည်မှုတွေပြတာပါရှင်အားငယ်စိတ်ဝင်သူကို
အားပေးချင်တဲ့သဘောပါရှင့် ကိုယ့်စိတ်ကိုဘယ်သူမှလဲကျအောင်လုပ်လို့မရပါဘူး ကျန်းမာကြံ့ခိုင်စွာနဲ့ တရားမျှတတဲ့
ဒီမိုကရေစီအနာဂါတ်သစ်ဆီ အတူအရောက်လျှောက်လှမ်းကြပါစို့ ဆက်လက်တိုက်ပွဲဝင်ကြပါစို့CDMဝန်ထမ်းများအားလုံးကို
ချစ်ခင်လေးစားလျှက် အချင်းချင်း အားပေးရင်ဖွင့်ရင်းအပြုံးမပျက်ရှေ့သို့ခရီးဆက်နိုင်ဖို့ ရှင်သန်ကြပါစို့
Photo Credit; Myat fu Wai Aung , account