အဆိုတော်ပိုပိုကတော့ အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပြည်သူတွေရဲ့လေးစားချီးကျူးခြင်းကိုခံနေရသူဖြစ်ပါတယ်။၅၀၅(က)နဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အဆိုတော်ပိုပိုအပါအဝင် တစ်ခြားသောအနုပညာရှင်တွေကို ပြည်သူတွေက သတိရနေကြပြီး ပြန်လည်လွတ်မြောက်ကြစေဖို့ ဆုတောင်းမှုတွေ ပြုလုပ်ပေးနေကြပါတယ်။ ယခုမှာတော့ အဆိုတော်ချယ်ရီသင်းတစ်ယောက်ဟာ အနုပညာအလုပ်တွေကို အတူတကွလုပ်ကိုင်ခဲ့ပြီး ခင်မင်ရင်းနှီးခဲ့ရတဲ့ ပိုပိုကို လွမ်းဆွတ်သတိရနေခဲ့ပါတယ်။
Photo Credit: Original Uploder
Photo Credit: Original Uploder
သူမကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အဆိုတော်ပိုပိုကို အရမ်းသတိရလွန်းလို့ သူအရမ်းကြိုက်နှစ်သက်ခဲ့ရတဲ့ပိုပိုရဲ့သီချင်းလေးကို ပြန်လည်သီဆိုရင်း လွမ်းမောနေခဲ့ပါတယ်။ ပရိသတ်တွေကလည်း သီချင်းလေးကို အသံအေးအေးလေးနဲ့ သီဆိုနေတဲ့ ချယ်ရီသင်းရဲ့ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး ချစ်ခင်အားပေးခဲ့ရတဲ့ ပိုပိုကိုလွမ်းဆွတ်သွားခဲ့ကာ အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းပေးနေကြပါတယ်။ ချယ်ရီသင်းကတော့ ခင်မင်ခဲ့ရတဲ့ ပိုပိုနဲ့စနောက်ပျော်ရွှင်ခဲ့တဲ့ အမှတ်တရလေးတွေကို ပရိသတ်တွေထံ ပြန်လည်ပြောပြလာခဲ့ပါတယ်။
Photo Credit: Cherry Thin ‘ s Facebook Page
Photo Credit: Cherry Thin ‘ s Facebook Page
ချယ်ရီသင်းကတော့ ” လွမ်းတယ်မမ ဒီသီချင်းလေးနဲ့မမကိုပိုကြိုက်ခဲ့တာလို့ပြောတုန်းက ငါ့ညီမပြန်ဆိုပါလားတဲ့အဲ့သီချင်းလေးနားထောင်တိုင်းမျက်ရည်ကအလိုလိုကျလာခဲ့တာပြောတော့ နင်ကဘဲလည်းမရှိပဲနဲ့ ဟဟဟဆိုအားရပါးရရယ်တာလေးလွမ်းတယ်နေကောင်းရဲ့လားမမရယ် ” ဆိုပြီး သတိရမိတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ အမှတ်တရတွေများစွာရှိတဲ့ အဆိုတော်ပိုပိုရဲ့ သီချင်လေးကို ပြန်လည်သီဆိုပြနေတဲ့ ချယ်ရီသင်းရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source: Cherry Thin ‘ s Facebook Page
Photo Credit: Cherry Thin ‘ s Facebook Page
credit; Original Uploader