ၾကားသိသမွ်

ကိုဗစ်နဲ့ ရုတ်တရက်ကွယ်လွန်သွားတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးရဲ့နောက်ဆုံး Post ကိုကြည့်ပြီး ဝမ်းနည်းနေကြတဲ့ အနုပညာရှင်များ

ကူးစက်မြန် Covid-19 ရောဂါပိုးကြောင့် အခုဆိုရင် ပြည်သူတွေ နေ့ချင်းညချင်းဆိုသလို အသက်ဆုံးရှုံးနေရတာ ဖြစ်ပါတယ် ။ ဒီနေ့မှာဆိုရင်လည်း အနုပညာအသိုင်းအဝိုင်းက ဇာတ်ပို့သရုပ်ဆောင်တစ်ဦး ကွယ်လွန်သွားတဲ့အကြောင်းနဲ့ပတ်သက်ပြီး ရေးသားပြောဆိုနေတာတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မြင်တွေ့နေရတာပဲ ဖြစ်ပါတယ် ။ ကွယ်လွန်သွားတဲ့သူကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကောင်းခန့်ကျော် (ခ) ငြိမ်းချမ်းပဲ ဖြစ်ပါတယ် ။

Photo Credit-Kaung Khant Kyaw’s FB Acc

Photo Credit-Kaung Khant Kyaw’s FB Acc
အနုပညာရှင်တွေကလည်း သူတို့ရဲ့အနုပညာလောကသားတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် အနုပညာရှင်တွေက ကောင်းခန့်ကျော် (ခ)ငြိမ်းချမ်းနဲ့ပတ်သက်ပြီး သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ဝမ်းနည်းစကားဆိုခဲ့တာ ဖြစ်ပါတယ် ။ သရုပ်ဆောင်ကောင်းခန့်ကျော်ကတော့ သူမကွယ်လွန်ခင်တစ်ရက်ကတင် သူခံစားနေရတဲ့ဝေဒနာတွေကို ပြောပြသွားခဲ့သေးတာ ဖြစ်ပါတယ် ။

Photo Credit-Kaung Khant Kyaw’s FB Acc

Photo Credit-Pwint Nadi Maung’s FB Acc


အောက်ဆီဂျင်ကျနေပေမယ့်လည်း အောက်ဆီဂျင်အိုးမရှိလို့ အသက်ရှူမဝဘဲ မောနေတဲ့ သူ့ရဲ့အဖြစ်ကို ရင်ဖွင့်ပြောပြခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့ “အသေတော့မခံနိုင်ဘူး”ဆိုပြီးပြောခဲ့တဲ့ သရုပ်ဆောင်ကောင်းခန့်ကျော်ခမျာ အခုတော့ ကိုဗစ်ရောဂါနဲ့ပဲ ကွယ်လွန်သွားခဲ့ရပြီ ဖြစ်ပါတယ် ။ ဒါကြောင့် မေမီကိုကိုက “အစ်ကိုရာ….စကားမတည်လိုက်တာအစောကြီးပဲထွက်သွားတာ….မနေ့ကပိုစ့်လေးတွေ့လို့တောင် အောက်စီဂျင်(၇၀)ဆိုပေမယ့် ဓာတ်ပုံအရ ကောင်းကောင်းအသက်ရှင်နိုင်မယ်ထင်ခဲ့တာ….ဒီလောက်စိတ်ရော လူရော သန်မာတဲ့အစ်ကိုကောင်းရာသုဂတိလားပါစ” ဆိုပြီးပြောရင်း စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ် ။


Source & Photo Credit-May Mi KoKo’s FB Acc & Pwint Nadi Maung’s FB Acc

Photo Credit-May Mi KoKo’s FB Acc

Photo Credit-Pwint Nadi Maung’s FB Acc