ၾကားသိသမွ်

စစ်ဆေးမေးမြန်းခံရခြင်းကို ရှောင်ရှားနိုင်ဖို့ ၃ရက်တိုင်တိုင် သတိလစ်ဟန်ဆောင်ခဲ့ပေမဲ့ အမဲသားဟင်းအနံ့ကြောင့် ပြန်နိုးလာခဲ့တဲ့ သံသယရှိသူအမျိုးသား

ရဲတပ်ဖွဲ့ထံမှ စစ်ဆေးမေးမြန်းခြင်းကို ရှောင်ရှားနိုင်ရန် ၃ရက်တိုင်တိုင် မေ့မျှောကာ သတိလစ်ဟန်ဆောင်ခဲ့တဲ့ သံသယရှိသူအမျိုးသားတစ်ဦးဟာ အမဲသားဟင်းအနံ့ကို အနံ့ရကာ ရှုလိုက်ရပြီးနောက် သူ့ရဲ့ mission ကို အရှုံးပေးကာ ပြန်ထလာခဲ့ရပါတယ်။၎င်းအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ Hubei ပြည်နယ်မှာ ဖြစ်ပျက်ခဲ့ကြောင်း သိရှိရပါတယ်။

Hubei ပြည်နယ် Xiaogan မြို့မှာ နေထိုင်တဲ့အဆိုပါသံသယရှိသူအမျိုးသားဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ရရက်နေ့မှာ လိမ်လည်မှုတစ်ခုရဲ့သံသယရှိသူအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။အဆိုပါအမျိုးသား စပြီးသတိလစ်သွားနေ့မှာပင် ချက်ချင်းဆေးရုံသို့ခေါ်ဆောင်သွားခဲ့ကြပြီး ဆရာဝန်များက သူ့အား နိုးရန် နည်းလမ်းများစွာဖြင့် ကြိုးစားခဲ့ပါတယ်။

ထို့နောက် ဒုတိယနေ့မှာလည်း ဆရာဝန်များက အဆိုပါအမျိုးသားကို မနိုးနိုင်ခဲ့ကြပါဘူး။သို့ပေမဲ့ တတိယမြောက်နေ့မှာတော့ သတိလစ်နေတဲ့အဆိုပါအမျိုးသားဟာ သူ့ရဲ့အိပ်ရာဘေးမှ ရဲသားတစ်ဦးက ထမင်းထိုင်စားနေခဲ့ပြီး ၎င်းမှရလာတဲ့အမဲသားဟင်းအနံ့ကို ရှုလိုက်ရပြီးနောက် သူဟာ ချက်ချင်းပင် နိုးထလာခဲ့ပါတော့တယ်။

သူလည်း ၃ရက်ဆက်တိုက် ဟန်ဆောင်ရတော့ ဗိုက်ဆာလာပုံရပါတယ်လေ။“ ထမင်းပူပူနံ့လေးက အရမ်းမွှေးနေပြီး ကျွန်တော် ထမင်းစားနေရင်း တစ်ခန်းလုံးမှာ ထမင်းအနံ့က သင်းနေခဲ့တယ်၊ အဲ့တာနဲ့ သူက သူ့ခေါင်းလေးကို လှုပ်ပြီး ဖြည်းဖြည်း ထလာခဲ့တယ်” လို့ အခန်းထဲထမင်းထိုင်စားနေခဲ့တဲ့ရဲသားတစ်ယောက်က ပြောပြခဲ့ပါတယ်။

ထို့နောက် အဆိုပါသံသယရှိသူဟာ “ ငါ ၃ရက်လောက် အစာမစားရတော့ ငါ့ရဲ့အစာအိမ်က အစားအစာနံ့ရရင် ဗိုက်အောင့်လာလို့ ငါလည်း အဲ့တာကို မခံစားနိုင်တော့လို့ နိုးလာတာ” ဟု ဝန်ခံကာ အရှုံးပေးခဲ့ရပါတယ်။ဘယ်လောက်ဘဲ အယောင်ဆောင်တော်နေပါစေ အစားနဲ့ပတ်သက်လာရင်တော့ ဘယ်သူမှမလွန်ဆန်နိုင်မှာ မဟုတ်ပါဘူးဗျာ။သို့ပေမဲ့ ၃ရက်ဆက်တိုင် သတိလစ်ဟန်ဆောင်ခဲ့တဲ့ အဆိုပါအမျိုးသားရဲ့သရုပ်ဆောင်စကေးကိုတော့ လေးစားမိပါတယ်ဗျာ။

credit;