ၾကားသိသမွ်

လွတ်မြောက်နယ်မြေ ရောက်နေပေမယ့်လည်း အာဇာနည်နေ့ကို ဘယ်တော့မှ မမေ့ကြောင်း ဗီဒီယိုဖိုင်နှင့်တကွ သက်သေပြလိုက်တဲ့ ဟားငါးကောင်အဖွဲ့

ဒီနေ့ကတော့ မြန်မာနိုင်ငံက ပြည်သူတွေ ဘယ်တော့မှ မေ့ထားလို့မရတဲ့ ဇူလိုင်လ ( ၁၉) ရက် အာဇာနည်နေ့ပဲ ဖြစ်ပါတယ်။

ရုပ်/သံ အောက်တွင်ကြည့်ပါ

အာဇာနည်ဆိုတာ ကိုယ့်အကျိုးထက် အများအကျိုးကို ပေါက်မြောက် အောင်မြင်သည်အထိ ရဲဝင့်စွာဆောင်ရွက်သွားသူကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်း (၉) ဦးအားအောက်မေ့သတိရအခမ်းအနားကို မြန်မာနိုင်ငံ အနှံ့အပြားတွင် အလေးပြု ဦးညွတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဟာသလူရွှင်တော် ပိုးလေးရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ လွတ်မြောက်နယ်မြေ ရောက်နေပေမယ့်လည်း အာဇာနည်သူရဲကောင်းများအားလေးစားဂုဏ်ယူစွာ အလေးပြု ဦးညွတ်ခဲ့ကြတဲ့ ဗီဒီယိုဖိုင်လေး တင်ထားတာ ဖြစ်ပါတယ်။

တောထဲမှာတော်လှန်ရေးတိုက်ပွဲအတွက် ပင်ပန်းခက်ခဲစွာ နေထိုင်နေကြသူများအားလုံးလည်း လေးစားဂုဏ်ယူစရာကောင်းလှပါတယ်။

ဟားငါးကောင်အဖွဲ့သားများဟာ တောထဲမှာ ရောက်နေပေမယ့်လည်း နိုင်ငံ့အရေးနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တိုင်း အမြဲကျင်းပပြုလုပ်ပေးနေကြတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း အမှန်တရားဘက်ကနေ တစ်သွေးတည်း တစ်သားတည်းရပ်တည်ပေးနေတဲ့ ဟားငါးကောင်အဖွဲ့သားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း comment များတွင် ဆုတောင်းမေတ္တာပို့သပေးနေကြတာ ဖြစ်ပါတယ်။

ပရိသတ်တွေလည်း ကြည့်ရှုလို့ရအောင် အာဇာနည်သူရဲကောင်းများကို တလေးတစား အလေးပြု ဦးညွတ်နေကြတဲ့ ဟားငါးကောင်အဖွဲ့သားများရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Ko Ko Poe Lay’s Facebook Account and Original Uploader