ၾကားသိသမွ်

ဆရာတော်ကြီးများ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားအမြင်များ

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၇၆ နှစ်ပြည့်ခဲ့ပါပြီ။

ဒီနှစ် မွေးနေ့ဟာ သူ့အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာအပြီးမှာ ပထမအကြိမ် အထိန်းသိမ်းခံဘဝနဲ့ ပြန်လည်ဖြတ်သန်းခဲ့ရတာပါ။


ဒေါ်အောင်ဆန်းစုကြည်
လူထုရွေးကောက်တင်မြှောက်ပြီး နိုင်ငံကိုလက်တွေ့ဦးဆောင်မှုပေးခဲ့တဲ့၊ ငါးနှစ်တာနိုင်ငံရေးခရီးလမ်းကိုနောက်တစ်ကြိမ် ရှေ့ မဆက်နိုင်ခင်မှာပဲ အာဏာသိမ်းခံလိုက်ရတဲ့၊ ရွေးကောက်ပွဲတောင်ပြို ကမ်းပြိုအနိုင်ရ ပါတီခေါင်းဆောင်ဟာ အခုတော့ နိုင်ငံရေးခယောင်းလမ်းကို ဆက်လျှောက်ရဖွယ်ရှိ နေပါတယ်။

အာဏာသာမသိမ်းခဲ့ရင် ဒီအချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့ နောက်သက်တမ်းတစ်ခုကို ဆက်လက်ဦးဆောင်နိုင်မယ့် မွေးနေ့ရှင်ဟာ အခုတော့ စစ် ကောင်စီက တမှုပြီးတမှု ထပ်တိုးတရားစွဲဆိုနေတဲ့ပုဒ်မတွေကို ရင်ဆိုင်နေရတာပါ။

ဆရာတော်ကြီးများ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားအမြင်များအကြောင်း အပြည့်အစုံကို ဆောင်းပါးမှာဖတ်ရှုနိုင်ပါပြီ။


သက်တော်ရှည် ဝါဆိုဆရာတော်ကြီး
“ ဒကာမကြီးရေ တောင့်ထားအုံး၊ တကာမကြီးလဲလို့ မဖြစ်ဘူး ၊ တကာမကြီးလဲရင် တိုင်းပြည်ပျက်မှာ။ ” လို့သက်တော်ရှည် ဝါဆိုဆရာတော်ကြီးက မိန့်ဆိုခဲ့ဖူးပါတယ်။

“ ဒီဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်လို စွန့်လွတ်ရဲဖို့၊ ပေးဆပ်ရဲဖို့ဆိုတာ မလွယ်ဘူးနော်။ သူတော်ကောင်းဆိုတာ သာမာန်လူတွေစွန့်လွတ်နိုင်ခဲတဲ့ စွန့်ခြင်းကြီးတွေနဲ့ပါရမီဖြည့်ကြတယ်။ ” ဟု မဟာဗောဓိမြိုင်ဆရာတော်ကြီးကလည်း မိန့်ဆိုခဲ့ဖူးပါတယ်။


မဟာဗောဓိမြိုင်ဆရာတော်ကြီး
ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသကတော့ “ ဘာသာတရားကိုင်းရှိုင်းပြီး တိုင်းပြည်ကို ချစ်မြတ်နိုးသည့် အမျိုးကောင်းသမီး သင်မျှော်မှန်းသည့် ငြိမ်းချမ်းရေးရပါစေ။ ” လို့ မိန့်ကြားဖူးပါတယ်။

 

“ ရှိတော့ရှိတယ် ရှားတယ်၊ တုနိူင်းမမှီ လူ့တိုင်းပြည်ကို အသက်ကိုစွန့် မရွံ့စိတ်ထား မေတ္တာများဖြင့် တရားဓမ္မသစ္စာချ၍ အုပ်ချုပ်သည် အမေစုလို ထိုထိုကမ္ဘာ လူများစွာမှာ ရှိတော့ရှိတယ် ရှားတယ်။ ” ဟု ကင်းဝန်မင်းကြီးဆရာတော်က မိန့်ကြားဖူးပါတယ်။


ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ
“ နိုင်ငံရေးမှာလည်း ဓမ္မကိုသင်ယူရတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဓမ္မကိုတတ်လို့သာ ဓမ္မကြောင့်မကောင်းတဲ့ စိတ်နေစိတ်ထားတွေကိုဖယ်ရှားနိုင်တယ်။ ဘယ်လောကဓံနဲ့တိုက်တိုက်သူကခံနိုင်ရည်ရှိတယ်။ ဓမ္မမပါလို့ကေတာ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန်စုကြည်ပဲဖြစ်မှာပေါ့။ ” လို့ မြဝတီမင်းကြီးဆရာတော်က မိန့်ကြားဖူးပါတယ်။


မြဝတီမင်းကြီးဆရာတော်
“ ဝန်းရံကြ – ဝန်းရံကြ သူမမှာ အိပ်မက်လှလှတွေ များစွာရှိတယ် ကျန်တာတွေ မယ်မယ်ရရ ငါမသိပေမယ့်အဲ့ဒါတော့ ငါအတိအကျ သိပါတယ်။ ” လို့ဗားကရာမစိုးရိမ်ဆရာတော်ကြီးက မိန့်ဆိုခဲ့ဖူးပါတယ်။

ဓမ္မပီယဆရာတော် အရှင်သံဝရာလင်္ကာရကတော့ “ သူတော်စင်လို့ အာမမခံနိုင်ပေမယ့် သူတော်ကောင်းဆိုတာ အကြွင်းမဲ့ယုံကြည်တယ် ယနေ့မြန်မာနိုင်ငံရေးမှာ သူသည် အတော်ဆုံး၊ အကောင်းဆုံး ဒါကြောင့် ကျုပ်တို့သည် သူ့တစ်သက် ကိုယ့်တစ်သက် ထပ်တူညီမှ ဖြစ်မယ်။ ” လို့ မိန့်ကြားဖူးပါတယ်။

“ အောင်ဆန်းစုကြည်က ယုံကြည်ချက်ခိုင်မာသည် ဆုံးဖြတ်ချက် ပြတ်သားသည် တစ်နေ့ ဒီမိုကရေစီ ရကိုရရမည်ဟု ယုံကြည်သည် စိတ်ရှည်သည်၊ ဇွဲကောင်းသည် သည်းခံစွမ်းအား ကြီးမားသည်၊ ဘယ်လောက် အခက်အခဲကြုံကြုံ သူ့စိတ်ဓါတ် ယိမ်းယိုင်သွားသည်မရှိချေဉာဏ်ပညာ အလွန်ထက်မြက်သည်၊ ဒီမိုကရေစီတိုက်ပွဲကို ဒုတိယလွတ်လပ်ရေးတိုက်ပွဲဟု ” လို့ ရန်ကင်းတောင်ဆရာတော် အရှင်ပညိဿရာလင်္ကာရ က ကင်ပွန်းတပ်ခဲ့သည်။


ရန်ကင်းတောင်ဆရာတော် အရှင်ပညိဿရာလင်္ကာရ
“ ဒေါ်စုမှာ ဘယ်သူနဲ့မှမတူတဲ့ လောကဓံကိုရင်ဆိုင်ရပေမယ့် ကြမ်းတမ်းတဲ့တုန့်ပြန်မှုမျိုးမတွေ့ရဘူး၊ ဒေါ်စုဟာ ရင်ဆိုင်ရတဲ့လောကဓံကို မြတ်ဘုရားပေးတဲ့ ခန္တီ၊ မေတ္တာ၊ သစ္စာဆိုတဲ့ အနုနည်းနဲ့ တုန့်ပြန်တာ သိပ်ပြီးအံ့သြစရာကောင်းသလိုသိပ်ပြီးအားကျစရာကောင်းတယ်၊ ဒေါ်စုဟာ မြတ်စွာဘုရားရဲ့ အဆုံးအမ သာသနာတော်ကို နှလုံးသားမှာထိန်းသိမ်းဆောက်ရှောက်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေဆိုတာ ယုံကြည်တယ်” ဟု တွင်းမဆရာတော်အရှင်ဥတ္တမ(ဓမ္မသစ္စာ)က မိန့်ကြားဖူးပါတယ်။

“သူများလှူတာအသာစားပြီး မေတ္တာပွားနေကြ ကိုယ့်နာမည်ကြီးချင်တာနဲ့ သူတော်ကောင်း ဒကာမကြီးကိုမပြစ်မှားကြနဲ့။ တိုင်းပြည်နာတယ်။ ကိုယ့်ဆွမ်းဒကာတွေရဲ့ ဘဝကိုလည်းငဲ့ကြအုံး…။ သာသနာတကယ်ချစ်ကြရင် တရားတော်တိုင်း ကျင့်ကြ။ ကိုယ့်တာဝန်ကို ကျေအောင်လုပ်။ သူများလွှဲမချနဲ့….ဒါပဲ။” ဟု မုံရွာဆရာတော် ဘဒ္ဒန္တသွသဓ က မိန့်ကြားဖူးပါတယ်။

မာန်အောင်ဆရာတော်ကတော့ “ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂရုဏာရှင် မေတ္တာရှင်လို့မြင်ပါတယ်။ ကိုယ့်အလိုကြသူ၊ မကျသူ အားလုံးအပေါ် တူညီသော မေတ္တာထားနိုင်တာတွေက သက်သေပါ။ မြန်မာနိုင်ငံအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်ပါ။ ” လို့ မိန့်ကြားဖူးပါတယ်။

“ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်က….. မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို နှလုံးသားထဲရောက်အောင် ဆောင်ယူနိုင်ခဲ့လို့ ရိုးသားတည်ကြည်ခြင်းရဲ့တန်ဘိုး သည်းခံခွင့်လွတ်ခြင်းရဲ့တန်ဘိုးကို အမှန်တကယ်နားလည်သူဖြစ်ပါတယ်။ ” ဟု မစိုးရိမ်တိုက်ဆရာတော် အရှင်ဉာဏိန္ဒ(ဓမ္မာစရိယ)က မိန့်ကြားဖူးပါတယ်။

“ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းသူပြည်သားတွေအပေါ် ရင်ဝယ်သားကဲ့သို့ ထားတဲ့ မေတ္တာတရားတွေကြောင့်မြန်မာနိုင်ငံကြီးတိုးတက်စည်ပင်ဝပြောဖို့ နောက်ထပ်(၅)နှစ် ဆက်နိုင်စေချင်ပါတယ်။ ”လို့ ငွေတောင်ဆရာတော် ဘဒ္ဒန္တကောဝိဒက မိန့်ကြားဖူးပါတယ်။

ဓမ္မအွန်လိုင်းဆရာတော် အရှင်စန္ဒိမာကတော့ “ ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်ပီသတယ်။ သာသနာအပေါ်မှာလည်း အလေးထားတယ်ယုံကြည်တယ်။ တိုင်းပြည်တိုးတက်အောင် ပညာရှိသူတော်ကောင်းတွေရဲ့ လမ်းညွန်မှုကိုလိုက်နာတယ်။ ဒါကြောင့် လူထုက ချစ်ကြခြင်းဖြစ်တယ်။ ”လို့ မိန့်ကြားဖူးပါတယ်။


သာမညဆရာတော်
သာမညဆရာတော်၊ ရွှေတောင်ကုန်းဆရာတော်၊ ရွှေပေါ်ကျွန်းဆရာတော်တို့သည်လည်း အမေစုကိုတန်ဖိုးထားစောင့်ရှောက်ခဲ့ကြပါတယ်။

credit;