One Championship ၌ မစ်ဒယ်ဝိတ်တန်းတွင်ရက်ပေါင်း(၁၂၁၈)ရက် လိုက်ဟဲဗီးဝိတ်တန်းတွင် ရက်ပေါင်း(၁၁၆၁)ရက်ကြာ ကမ္ဘာ့ချန်ပီယံခါးပတ်(၂)ခုကို ပိုင်ဆိုင်ခဲ့သူ နှစ်ထပ်ကွမ်းချန်ပီယံဟောင်း နာမည်ကြီး မြန့်မာ့စပါးကြီးမြွေ အောင်လအန်ဆန် သည် ယခုလကုန်(၃၀)ရက်နေ့တွင် စင်ကာပူ၌ ဘရာဇီးဖိုက်တာ လီအန်ဒရို နဲ့ထိုးသတ်ရမည်ဟု Oneအဖွဲ့အစည်းက တွဲဆိုင်းများထုတ်ပြန်လိုက်ပြီဖြစ်သည်။
Getty Images
Battleground ဟုအမည်ပေးထားသည့်ယင်းပြိုင်ပွဲတွင် တွဲဆိုင်း(၆)ဆိုင်းပါဝင်ထိုးသတ်မှာဖြစ်ပြီး Main Event အဖြစ် One မွေထိုင်း Straw Weight ရွှေခါးပတ်ကာကွယ်ပွဲထိုးသတ်မှာဖြစ်ကာ အောင်လ နဲ့ လီအန်ဒရို တို့ကတော့ ဒုတိယခေါင်ပွဲအဖြစ် ထိုးသတ်ရမည်ဟု One ကထုတ်ပြန်ခဲ့သည်။
ခေါင်ပွဲမှာ ONE Strawweight Muay Thai World Champion ဖြစ်တဲ့ Sam-A က Prajanchai ကို ချန်ပီယံကာကွယ်ရပါမယ်။ ရှေ့ထွက်ပွဲတွေမှာ Sitthichai ၊ Ritu Phogat နဲ့ Victoria Lee တို့လည်း ပါသေးတယ်။
Getty Images
ယင်းပွဲစဉ်မှာ မစ်ဒယ်ဝိတ်တန်းပွဲစဉ်ဖြစ်ကာ အဲဒီပွဲမှ အနိုင်ရရှ်ိသူသည် လက်ရှိမစ်ဒယ်ဝိတ်ချန်ပီယံ နယ်သာလန်သား ဒီရိုင်ဒါ ၏ခါးပတ်ကိုစိန်ခေါ်လုယူခွင့် ရရှိမှာဖြစ်ပါတယ်။
Getty Images
အောင်လဟာ၂၀၁၉ခုနစ်တုန်းက World MMA Awards ဆုပေးပွဲမှာ UFC မှကမ္ဘာကျော်ဖိုက်တာများဖြစ်သည့် မိုက်ကယ်ဘစ်စပင်း ၊ ကော်နာမက်ဂရီဂေါ်၊ ခါဘစ် ၊ ရောဘတ်ဝစ်တခါ တို့ရရှိဖူးသည့် International Fighter of the Year ဆုကြီးကို UFC ၏လက်ရှိမစ်ဒယ်ဝိတ်ချန်ပီယံ နာမည်ကြီးIsrael Adesanya ကိုကျော်ဖြတ်ကာ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။
Getty Images
ဒါ့အပြင် အောင်လရဲ့ လက်ရှိ မစ်ဒယ်ဝိတ်တန်းပြိုင်ဖက်ကြီး နှစ်ယောက်ဖြစ်တဲ့ ရိုင်နီယာ နဲ့ လီအန်ဒရိုအာတိုင်းစ်ဒီးစ်တို့ကတော့ Gym တစ်ခုထဲမှာ လေ့ကျင့်ပြင်ဆင်နေကြပါတယ်။
လီအန်ဒရိုရဲ့မိန်းမဟာ နယ်သာလန်နိုင်ငံသူဖြစ်တာကြောင့် ရိုင်နီယာနဲ့တွေ့ဆုံပြီး ရင်းနှီးခဲ့ကြတာပါ။ ဒါ့အပြင်လက်ရှိ လီအန်ဒရိုတို့လင်မယားဟာ ကလေးမွေးဖွားထားတာကြောင့်နယ်သာလန်ကို ရောက်နေပုံပါဘဲ။
ဒါကြောင့် ရိုင်နီယာရဲ့ Gym ဖြစ်တဲ့ Combat Brothers gym မှာ တူတူလေ့ကျင့်နေကြတာဖြစ်ပါတယ်။
Getty Images
အောင်လကို နှစ်ကြိမ်တိတိအနိုင်ယူထားဖူးတဲ့ ရိုင်နီယာနဲ့ လီအန်ဒရိုတို့ တူတူလေ့ကျင့်နေတာဟာ အရမ်းကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။
လီအန်ဒရိုနဲ့အောင်လကတော့ အလုံးအထည်ချင်းတူတူလောက်ပါဘဲ။ ဂျူဂျစ်စုပိုင်းမှာ ဂျူဂျစ်စုကမ္ဘာ့ချန်ပီယံဖြစ်ထားတဲ့ လီအန်ဒရိုကသာခဲ့ရင်တောင် ရုန်းအားနဲ့ ကြံ့ခိုင်မှုနဲ့ striking ပိုင်းမှာတော့ အောင်လကသာတယ်လို့ယုံကြည်ပါတယ်။
Getty Images
ဒါကြောင့် နယ်သာလန်သား ဒီရိုင်ဒါ ၏မစ်ဒယ်ဝိတ်ခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့အတွက် (၃၀)ရက်နေ့ပွဲမှာ ဘရာဇီးသား လီရန်ဒရို နဲ့ပွဲကိုရင်ခုန်စွာနဲ့စောင့်ကြည့် ရအောင်လို့ သတင်းပေးလိုက်ပါရပါတယ်။
Getty Images
Leandro Ataides ကို အောင်လအန်ဆန် က အနိုင်ရမယ်လို့ ထင်လား။ စာဖတ်သူတွေရဲ့ အမြင်တွေကိုလည်း သိပါရစေဦး။
လေးစားစျြာဖင့်- ခရက္ဒစ်