မိ.အောင်လိုင်က အမေစုကို တကယ် ဆွေးနွေးခဲ့ရင် ဘယ်လိုဖြစ်လာမလဲ ဆိုတဲ့မေးခွန်းကို ဒေါက်တာဆာဆာ အခုလိုပြောခဲ့ပါတယ်။
ကျရူံးနေပြီဖြစ်တဲ့ မိအောင်လိုင် အုပ်စုနှင့် ဒီအချိန်မှာ ဆွေးနွေးစရာဘာအကြောင်းပြချက်မှ မလိုတော့ပါ။
ဒါကြီးက လုံးဝ လုံးဝ ဆွေးနွေးစရာမရှိတဲ့ မြန်မာ့သမိုင်းမှာ အရက်စက်ဆုံးအကြမ်းတမ်းဆုံး လုပ်ပြနေကြပြီးပြီလေ…
နောက်တစ်ခုက ဘာကိုဆွေးနွေးမှာလဲ ? ကျွန်တော်တို့ဘက်ကတော့ ဘယ်လိုနည်းနဲ့မှ လက်ခံတော့မည်မဟုတ်ပါ။
အကြမ်းဖက်အုပ်စုက အပြစ်မဲ့ပြည်သူတွေ လက်နက်အားကိုးနှင့် ရာပေါင်းများစွာ ပေါ်ပေါ်တင်တင်သတ်ပြတယ် ၊ဒါကို
အားမရလို့ ကိုဗစ်ရောဂါနှင့် ပြည်သူတွေ ထပ်သတ်တယ်။ အမေစုကလည် ဆွေးနွေးမယ်မထင်ဘူး။ တစ်ခုတော့ရှိတယ်။
အမေစုကတော့ တကယ့်မြေပြင်ပေါ်က အဖြစ်ပြတ်တွေ မသိနိုင်လောက်ဘူး။
မြေပြင်ပေါ်က အကြမ်းဖက်အုပ်စု ရက်စက်မူတွေမသိပဲ ဆွေးနွေးမိလာခဲ့ရင်တောင် ကျွန်တော်တို့ဘက်က လက်ခံနိုင်မှာမဟုတ်ပါဘူး။
အမေစုက မေတ္တာတရားနဲ့ အုပ်ချုပ်ချင်နေတာကို ဒီအကြမ်းဖက် မိအောင်လိုင်တို့ အုပ်စုက အခွင့်ကောင်းယူ လှည့်ဖြားနေတာကြာပြီ
နှစ်ပေါင်းမနည်းတော့ဘူး။
ရှင်းရှင်းပြောရရင် ကျွန်တော် ဆာဆာက အမေစုလောက် သဘောထားမကြီးနိုင်ဘူး။
အမေစုလောက် မေတ္တာတရားမရှိနိုင်ဘူး။ ဒီလို ရက်စက် ကြမ်းကျုတ်တဲ့ အကြမ်းဖက် စစ်အုပ်စုကို မေတ္တာထားလည်အပိုပါပဲ။
ပြည်သူတွေပဲ ထိခိုက်နစ်နာတယ်။ ဒီအချိန်မှာ လူစိတ်မရှိတဲ့ အကြမ်းဖက်လူသတ်သမား မိအောင်လိုင်တို့ ကို
မေတ္တာထားရမယ့်အချိန်မဟုတ်တော့ဘူး။ထောင်ထဲမှာထားရမယ့်အချိန်ဖြစ်သွားပြီ သူတို့ ကျူးလွန်တဲ့ ပြစ်မူတွေအတွက်
ထောင်ထဲမှာ ပေးကိုပေးဆပ်ရမယ်။
သူတို့ အပြောင်းမဲ့ သတ်ခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေ ရာပေါင်းများစွာက အသက်ပြန်ရှင်လို့မရတော့ဘူး။ လူအရွယ်အစားအမျိုးစုံပါတယ်။
ဒါကြောင့် အမေစုနှင့် ဆွေးနွေးသည်ဖြစ်စေ၊ မဆွေးနွေးသည်ဖြစ်စေ အရေးမကြီးပါဘူး။ အရေးကြီးတာက စစ်အာဏာရှင်စနစ်ကို
အပြီးတိုင် ချုပ်ငြိမ်းရေး ၊အာဏာရှင်စနစ် အမြစ်ပြတ်ဖြတ်ချရေးက ပိုအရေးကြီးပါတယ်။
ကျွန်တော်တို့ကလည် လုပ်စရာရှိတာ ဆက်လုပ်သွားမည်။
မိအောင်လိုင်တို့ အုပ်စု ရှိနေသ၍ ကျွန်တော်တို့ပြည်သူတွေ အသတ်ခံရအုံးမှာပဲ၊ အနိပ့်စက်ခံရအုံးမှာပဲ၊ အနိုင်ကျင့်ခံရအုံးမှာပဲ ၊
လူ့အခွင့်အရေး ချိုးဖောက်ခံရအုံးမှာပဲ လူမျိုးတုန်း သတ်ဖြတ်နေအုံးမှာပဲ၊ စစ်ရာဇာဝတ်မူ ကျူးလွန်အုံးမှာပဲ။
ဒါကြောင့် ကျွန်တော်တို့ဘက်က နောက်ပြန်လှည့်စရာအကြောင်းမရှိဘူး
သေချာတာ တစ်ခုကတော့ မိအောင်လိုင်တို့ ကျရူံးနေပြီ။
အရေးတော်ပုံမုချအောင်တော့မည်။
အားတင်းထားပါ မြန်မာပြည်သူလူထုကြီး
မြန်မာပြည်သူအားလုံး Covid-19 ဘေးနှင့် အကြမ်းဖက်မူဘေးကနေ အမြန်ဆုံးလွတ်မြောက်အောင် ဆောင်ရွက်နေပါတယ်။
မြန်မာပြည်ကြီး ဘုရားသခင် ကောင်းချီးပေးပါစေ။