ၾကားသိသမွ်

ကိုဗစ်ရောဂါခံစားရလို့ အိမ်ပေါက်ပိတ်နေသူ သေဆုံးနေ

မကွေးတိုင်း မကွေးမြို့ ၊ စိုးကောမင်းရပ်ကွက် ၊ လမ်းသွယ် ၅ မှာရှိတဲ့ နေအိမ်တလုံးမှာ ဒီမနက် ဇူလိုင် ၁၈ အစောပိုင်းက ကိုဗစ်ကြောင့် အိမ်ပေါက်ပိတ်ပြီး သေဆုံးနေတဲ့ ရုပ်အလာင်းကို လူမှုကူညီရေး အဖွဲ့ စေတနာ့ ဝန်ထမ်းတွေကို အိမ်မိုးဖောက်ပြီး ဝင်ရောက်ကူညီပေးခဲ့ရတယ်လို့ ရောင်စုံမေတ္တာ လူမှုကူညီရေး အဖွဲ့ထံက သိရပါတယ် ။


မကွေးမြို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအဖွဲ့ စေတနာ့ဝန်ထမ်း တစ်ယောက်က ” ဖုန်းဆက်အကြောင်းကြားလာလို့ သွားရောက်တယ် ၊ သေဆုံးသူက သူ့ရဲ့ အခန်းတံခါးကို အတွင်ဘက်က လော့ချထားလို့ အခန်းမျက်နှာကျက်ကနေ ဝင်ရောက်ကူညီပေးခဲ့တာဖြစ်တယ် ” လို့ ပြောပါတယ် ။

မကွေးမြို့မှာ ကိုဗစ် ၁၉ ရောဂါ ကူးဆက်ပြန့်ပွားမှု မြန်ဆန်နေပြီး ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ တနေ့ထက် တနေ့များပြားလာတာကြောင့် ဒီမနက်ကစပြီး နေအိမ်ပြင်ပ လုံးဝ မထွက်ဖို့ အာဏာပိုင်အဖွဲ့က အသံချဲစက်နဲ့ ညက လိုက်လံ ကြေငြာခဲ့တယ်လို့ သိရပါတယ် ။


မကွေးတိုင်း ကျန်းမာရေး ဦးစီးဌာနရဲ့ စာရင်းကိန်းဂဏန်တွေအရ မကွေးတိုင်းမှာ မေလ ၂၇ ရက်ကစလို့ ဇူလိုင် ၁၅ အထိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာပေါင်း(၄၁၀၇)ဦးရှိပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ(၇၄၆)ဦး၊ သေဆုံးသူ(၃၆) ဦးရှိခဲ့ပြီး၊ မကွေးတိုင်းထဲက ဆေးရုံတွေမှာ တက်ရောက် ဆေးကုသမှု ခံယူနေသူ (၃၃၂၅) ဦးရှိ တယ်လို့ သိရပါတယ်။


နိုင်ငံအာဏာသိမ်းခံရချိန်အတွင်း ဖြစ်ပွားနေသည့် COVID 19 တတိယလှိုင်းတွင် ကုသမှု မရကြဘဲ နေအိမ်၌ အသက်ဆုံးရှုံးရသူ နေ့စဉ်နှင့်အမျှ တိုးလာနေပါတယ်။

ဇူလိုင်လ (၁၆) ရက်နေ့ကလည်း ရန်ကုန်မြို့ အရှေဒဂုံမြို့သစ်နေအိမ်တအိမ်ထဲတွင် သားအဖနှစ်ဦးတည်းသာ နေထိုင်သည့် နေအိမ်အတွင်း သားအဖနှစ်ဦးလုံး သေဆုံးနေသဖြင့် မေတ္တာသင်္ဂဟလူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ပေးနေသည်ကို တွေ့ရသည်။


ဖခင်ဖြစ်သူမှာလည်း အိပ်ယာထက်၌ သေဆုံးနေခဲ့ကြောင်းကို ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့မှ တွေ့ရှိခဲ့ကြောင်းကို Liveလွှင့်ပြသခဲ့ပါတယ်။

တပတ်အတွင်း ရန်ကုန်မြို့၌ကိုဗစ်ကူစက်နှုန်းမြှင့်တက်နေခဲ့ပြီး ၃ရက်အတွက် အဆိုးဝါးဆုံးအခြေအနေသို့ ရောက်ရှိနေခဲ့ပြီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။


COVID 19 စစ်ဆေးကုသမှုခံယူခွင့်မရကြဘဲ မိမိနေအိမ်တွင် မိမိတို့အစီအစဉ်ဖြင့် ကုသရင်း သေဆုံးရသူများလာသဖြင့် ရန်ကုန်မြို့ရှိ သုဿန်များတွင် သဂြိုလ်ရန် အလောင်းများ တန်းစီစောင့်ဆိုင်းနေကြရသည်ကို တွေ့ရသည်။

ဒါ့အပြင် စမ်းချောင်းန္ဓမာလမ်းတိုက်ခန်းတွင်တစ်ယောက်တည်း‌နေသူ အဘွားအိုအား ခေါ်မရ၍အကူအညီတောင်းခံသဖြင့် တံခါးရိုက်ဖွင့်ပီးသွားရောက်ကူညီပေးရာ အသက်ဆုံးနေပြီဖြစ်တယ်လို့ သိရပါတယ်။


သားသမီးတွေ ဘယ်ရောက်နေလဲ ရင်တွေလဲ ကွဲကြေနေပါပြီဗျာ…။ တယောက်ထဲ ဘယ်လောက်အားငယ်နေရှာမလဲ ကောင်းရာမွန်ရာမှာအနားယူနိုင်ပါစေ အဘွားရယ်။

Credit; Original Uploader