ၾကားသိသမွ်

ဘုန်းကြီးသာလိကာ

ဘုန်းကြီးသာလိကာ

ယခုမအလခေတ်တွင် ဖြစ်သည်။

တောရွာတစ်ရွာမှ အဘွားအိုတစ်ယောက်သည်

စစ်အာဏာရှင် မအလ၏လုပ်ရပ်များကို အလွန်မုန်းတီးနေ၏။

ထိုကြောင့်ပင် သူတစ်ခုခုအဆင်မပြေဖြစ်တိုင်း ~

“မင်းအောင်လှိုင် မအေလိုးသေပါစေ”ဟုရေရွတ်လေ့ရှိသည်။


ထိုရေရွတ်သံကြားပြီး သူမွေးထားသောသာလိကာက သံယောင်လိုက်ကာ ~

“မင်းအောင်လှိိိုင်သေပါစေ မအေလိုးမင်းအောင်လှိိုင်သေပါစေ”ဟု ရေရွတ်နေ​မြဲဖြစ်သည်။

တစ်​နေ့မှာတော့ မအလ၏ဖက်ဆစ်စစ်တပ်ကြီး

၄င်းရွာသို့ ချီတက်လာ၏။

စစ်တပ်ကြီးကိုမြင်သည်နှင့် သာလိကာက ~

“မင်းအောင်လှိိုင်သေပါစေ မအေလိုးမင်းအောင်လှိိုင်သေပါစေ”ဟုထ​အော်တော့သည်။

စစ်တပ်ကြီးဟာရပ်တန့်သွားပြီး စခဗိုလ်တယောက်အိမ်ထဲသို့ဝင်လာကာ ~

“အဘွားကြီး ဒါခင်ဗျား သာလိကာလား ❓´´

“ဟုတ်ပါတယ် ဗွီးရယ် နောင်အဲ့လိုမဖြစ်စေရပါဘူး အမေတောင်းပန်ပါတယ် ”

“အေး မနက်ဖြန် ကျုပ်တို့လာစစ်မယ်၊ မနက်ဖြန်မှာ

ဒီသောက်သာလိကာ ခုအတိုင်းပြောရင် ခင်ဗျားကြီးရော အဲ့ဒီသာလိကာရော နုတ်နုတ်စင်းပစ်မယ် ” ပြောပြီးပြန်ထွက်သွားကြလေသည်။

ကြံရာမရသည့်အမယ်အိုခမျာ ရွာဦးဘုန်းကြီးထံပြေးပြီး အကူအညီတောင်းရပါတော့တယ်။

ရွာဘုန်းကြီးကလည်း သူမွေးထားသောသာလိကာနှင့်လဲထားဖို့ အကြံပေးတာပေါ့။


အဘွားအိုမှာ သာလိကာချင်းလဲထားမှသာ စိတ်ချ လက်ချနေနိုင်တော့၏။

နောက်တစ်နေ့တွင် မအလ၏ ဖက်ဆစ်စစ်တပ်ပြန်ရောက်လာသည်။

စခများက အဘွားအို၏အိမ်သို့၀င်ပြီး သာလိကာကိုကြည့်သည်။

ယနေ့တွင် သာလိကာက တိတ်ဆိတ်ဣိန္ဒြေရလွန်းနေသည်။ ထို့ကြောင့်ပင် စခများက သာလိကာအားဆွပေးကြလေသည်။

“ဟေ့ကောင်ကြီး ပြောဦးလေကွာ၊ မင်းအောင်လှိုင် ဘာဖြစ်တယ်ဆိုလား ၊ ဟေ့ကောင်ကြီး ပြောဦးလေကွာ ”

သာလိကာက ငဲ့စောင်း၍ပင်မကြည့်။

“ဟေ့သာလိကာ ပြောဦးလေ၊ ​မင်းအောင်လှိုင်မအေလိုးသေပါစေ မအေလိုးမင်းအောင်လှိုင်​သေပါစေလို့”

စခများထိုသို့ပြောသောအခါမှ သာလိကာ​ပြောလိုက်သည်မှာကား ~~

“တောင်းတဲ့ဆုနဲ့ပြည့်ပါစေ ချစ်သားတို့”တဲ့ဗျာ။ ။

((မိတ်ဆွေတို့ရဲ့ဘဝအမောများပြေနိုင်ကြပြီး မအလအားဆန့်ကျင်နိုင်ကြပါစေ))

#မအလရဲ့ဖက်ဆစ်စစ်တပ်အမြန်ဆုံးအမြစ်ပြတ်ပါစေ

#နေ့သစ်မြန်မာ