ၾကားသိသမွ်

ကပ်ဘေး ၃ ပါးကို ဖန်တီးပြီး အာဏာသိမ်းမည့်အကြံ – ပြည်သူ လက်မခံ

ရွေးလူကြီးသူမ မိဘဘိုးဘွားတို့၏ အစဉ်အဆက် အဆုံးအမျမားအရ လောကီလူ့ဘောင်၌ မိစ္ဆာဒိဋ္ဌိ (False Belief) အယူဝါဒ လွွမ်းမိုးလာပြီးနောက် မင်းစိုးရာဇာတို့ ကိုယ်ကျင့်တရား ပကြ်ပြားသောအခါ ကပ်ဘျေးမား (Time of Catastrophes) ဆိုက်ရောက်တတ်သည်ဟု အဆိုရွိသည်။ အထူးသဖြင့် တရားျမှတမှုကို စောင့်ထိန်းရမည့် အုပ်ျခုပ်သူ အထက်လွွာတို့ ဝိသမေလာဘကို မထိန်းသိမ်းနိုင်ဘဲ၊ အနိုင့်အထက် ဗိုလ်ကလြုယက် သတ်ဖြတ် ကိုယ်ကြိုးရွာကြေသာ အခါ သတ္ထန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရာကပ်ဟူသည့် ကပ်သုံးပါနွင့် ကြုံရတတ်သည်ဟု ဘိုးဘေးဘီဘင် အဆက် ဆက် ဆိုရိုးရွိခဲ့သည်။

သတ္ထန္တရကပ်ဆိုသည်မွာ ဓား၊ လွံ၊ လေးမြား၊ သေနတ်၊ ဗုံး အစရွိသည့် လက်နက်ျမားကို အသုံးပြု၍ စစ်မက်ျမား ဖြစ်ပွားခြင်းကြောင့် အသက်အန္တရာယ် ပေါ်ပေါက်၍ သြေကေကြရသည်ကို ယေဘုယအြားဖြင့် သတ္ထန္တရကပ်ဟု ဆိုသည်။

အုပ်စိုးသူတို့ မင်းကျင့်တရားပကြ်ပြားသဖြင့် မိုးခေါင်ရေရွားပြီး ရာသီဥတုပကြ်ပြားသည့်အခါ စားရေရိက္ခာ စပါးဆန်ရေ ရွားပါးမှုကြောင့် ငတ်မွတ်ခေါင်းပါးမှု အငတ်ဘေးဆိုက်တတ်သည်။ အငတ်ဘေးကြောင့် အသက်အန္တရာယ်ဖြစ်ပေါ် လာခြင်းကို ဒုဗ္ဘိက္ခန္တရကပ်ဟု ဆိုသည်။ ထို့ပြင် အုပ်စိုးသူတို့ မင်းကျင့်တရားပကြ်ပြားကြရုံမက အဓမ္မဝါဒဖြင့် တိုင်းသူ ပြည်သားတို့အေပါ် အနိုင်ကျင့်ကြသဖြင့် ဗြဟ္မစိုရ်တရားကင်းမဲ့လာကာ ရောဂါဆိုးျမားဖြစ်ပေါ်လာသောကြာင့် အသက် အန္တရာယ်ကြုံကြရသည်။ ယင်းသို့သော ရောဂါဘေး အဖြစ်ဆိုးမြိုးကို ရောဂန္တရကပ်ဟု ဆိုသည်။ ယခုအခါ မြန်မာနိုင်ငံသည် စစ်အာဏာရွင်စနစ်ဖြင့် ဗိုလ်ကြ စိုးမိုးနေသော အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် အုပ်ျခုပ်မှုကို ရင်ဆိုင်နေကြရသည်။ လတ်တေလာ အဓမ္မဝါဒီ မင်းအောင်လွိုင်ခေါင်းဆောင်သည့် အကြမ်းဖက် စစ်ကောင်စီသည် ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ ရက်စက်ယုတ်မာ ဗိုလ်ကအြနိုင်ကျင့်သည့်နည်းဖြင့် အုပ်ျခုပ်လကြ်ရွိသည်။ အကြိုးဆက်မွာ တပြည်လုံး ကပ်သုံးပါးဘေးနွင့် တွေ့ကြုံနေကြရပေသည်။

သတ္ထန္တရကပ် သို့မဟုတ် ပြည်တွင်းစစ် ဖြစ်နေခဲ့သည်မွာ ဆယ်စုနွစ် (၇) ခုကြော်လာပြီဖြစ်သည်။ သို့သော် ယခုတကြိမ် ဆက်လက်ဖြစ်ပွားသည့် ပြည်တွင်းစစ်မွာ ပိုမိုကြီးမားကယြ်ပြန့်သည်။ ဂျန်ဇီး(Gen-Z) ဟု ခေါ်ဆိုကြသည့် လူငယ်မြိုးဆက်သစ်ျမား ဦးဆောင်သော နွေဦးတော်လွန်ရေးသည် ငြိမ်းချမ်းစွာ ဒီမိုကရေစီတောင်းဆိုမှုဖြစ်သော်လည်း အကြမ်းဖက် စစ်တပ်က စစ်အင်အားသုံး ပစ်ခတ်ဖြိုခွင်းခဲ့သောကြောင့် လက်နက်မဲ့ပြည်သူ ၉၀၆ ယောက် သေဆုံးခဲ့ရပြီး ၆၆၇၆ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားျမားကူညီစောင့်ရွောက်ရေးအသင်း (အေအေပီပီ) က ဇူလိုင် ၁၃ နေ့အထိ ရရွိ ထားသော အခကြ်အလက်ျမားကို ကြေညာခဲ့သည်။

ထို့ကြောင့် ယခုအခါ လူငယ်ျမားအနေဖြင့် စစ်တပ်ဗိုလ်ကြ စိုးမိုးမှုကို အမြစ်လွန်ရန်ဟုဆိုကာ လက်နက်ကိုင်တိုက်ပွဲဝင်ရေး ဆုံးဖြတ်လိုက်ကြသည်။ ထိုလူငယ်အင်အားစုသည် ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်ဒေသအသီးသီးတွင် စစ်သင်တန်းတက်နေကြပြီဖြစ်၍ မကြာမီ တပြည်လုံးအတိုင်းအတာဖြင့် အကြမ်းဖက်စစ်ကောင်စီကို ထိုးနွက်တိုက်ခိုက်ကြေတာ့မည်ဖြစ်သည်။ သို့ဖြစ်၍ ယခု ဆက်လက် ဖြစ်ပေါ်လာမည့် စစ်ရေးပဋိပက္ခသည် ပိုမိုကြီးမားသည့် ပြည်တွင်းစစ် သို့မဟုတ် သတ္ထန္တရကပ်ဟု ဆိုရပေမည်။

လတ်တေလာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၂ သိန်း ၁ သောင်း ကြော်လာနေပြီ ဖြစ်သည်။ သေဆုံးသူပေါင်း ၄၅၀၀ ကြော်နွင့် အာဆီယံနိုင်ငျံမားအနက် ရောဂါကူးစက်သေဆုံးမှုနှုန်း အျမားဆုံး ၃ နိုင်ငံစာရင်း၌ ပါဝင်နေသည်။

မြန်မာနိုင်ငံ၌ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၆,၁၉၄ ယောက်၊ သေဆုံးသူ အေယာက် ၁၉၀ ရွိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၁၈,၇၃၉ ယောက်ထိ ရွိလာကြောင်း စစ်ကောင်စီ ကျန်းမာရေးနွင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၆ ရက်ညက ထုတ်ပြန်ခဲ့သည်။

ဤအေတာအတွင်း မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တတိယလွိုင်း ပြင်းထန်နေသဖြင့် အောက်စီဂျင် မလုံလောက်သည့် ပြဿနာနွင့် ရင်ဆိုင်နေကြရသည်။ ျဖားနာသူ တစ်ရာအနက် သုံးဆယ်ရာခိုင်နှုန်းအထိ အောက်ဆီဂျင်ရရွိရန် လိုအပ်နေသည်ဟု မန္တေလးမြို့အခြေစိုက် ဆရာဝန်ျမားက RFA သတင်းသို့ပြောကြောင်း သိရသည်။ စစ်ကောင်စီ၏ ကိုဗစ်-၁၉ ကုသေရးဆိုင်ရာ ဌာနျမားက လူနာျမားကို အောက်ဆီဂျင် ၈၀ ရာခိုင်နှုန်း အောက်ရောက်မွ လာခဲ့ဟု ဆိုကာ ပြန်လွွတ်နေသဖြင့်၊ ပြင်ပတွင် အောက်ဆီဂျင်ရွာရသည့် ပြဿနာဖြစ်လာနေရသည်ဟု မန္တေလးမြို့တွင် ကူညီကုသေပးနေသော လုံခြုံရေးအရ အမည်မေဖာ်လိုသည့် ဆရာဝန် တစ်ယောက်က RFA ကို ပြောသည်ဟု ဆိုသည်။

ကိုဗစ်-၁၉ လူနာျမား၏ ခန္ဓာကိုယ်၌ အောက်ဆီဂျင် ကဆြင်းလာမှုအတွက် အကူအညီတောင်းခံနေကြသည်ကို ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမကြ်နွာျမားတွင် အျမားအပြား တွေ့နေရပြီး၊ အောက်ဆီဂျင် မရသဖြင့် သေဆုံးသွားသူျမား၏ သတင်းျမားကိုလည်း မပြတ်တွေ့နေရေကြာင်း သတင်းျမား၌ ဖေါ်ပြလကြ်ရွိသည်။

ရန်ကုန်တိုင်းအတွင်းရွိ ကိုဗစ်စင်တာျမားနွင့် အစိုးရေဆးရုံကြီးျမားကို အောက်ဆီဂျင် ပေးသွင်းရမည်ဖြစ်သောကြောင့် ပုဂ္ဂလိက အောက်ဆီဂျင်အိုးျမားကို ဖြည့်သွင်းပေးခြင်း မပြုရန် စစ်ကောင်စီ၏ ညှွန်ကြားခကြ်အရ ယာယီရပ်နားထား ကြောင်း သိမ်ဖြူသင်္ဘောကျင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဇူလိုင်လ ၁၁ ရက်နေ့တွင် ကြေညာထားသည်ဟု RFA သတင်းက ဆိုသည်။ အလားတူ ရွွေပြည်သာမြို့နယ်ရွိ အောက်ဆီဂျင်စက်ရုံတစ်ခုကလည်း ဖောင်ကြီး ၊အသည်းဆေးရုံ၊ အင်းယားကိုဗစ်စင်တာနွင့် အစိုးရေဆးရုံကြီးျမားကိုသာ ပေးသွင်းရမည်ဖြစ်၍ အောက်ဆီဂျင် မလုံလောက်သဖြင့် ပုဂ္ဂလိက အောက်ဆီဂျင်အိုးျမား ဖြည့်သွင်းပေးမှုကို ရပ်ဆိုင်းထားရန် ညှွန်ကြားထားကြောင်း ထုတ်ပြန်ထားသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) စက်မှုဇုန်ရွိ အောက်ဆီဂျင်စက်ရုံမွ တာဝန်ရွိသူတစ်ဦးက အောက်ဆီဂျင် ဖြည့်ပေးခြင်း မပြုရန် စစ်ကောင်စီက ရပ်ဆိုင်းခိုင်းသည်မွာ အမွန်ဖြစ်ကြောင်း၊ ဆေးရုံကြီးနွင့် ကိုဗစ်စင်တာျမားအတွက် အောက်ဆီဂျင်အိုးျမားကို မဖြစ်မေန အရင်ဦးစားပေးဖြည့်ပေးရမည်ဖြစ်၍၊ ပြင်ပမွ လာရောက် ဖြည့်သူျမားကို ရပ်နားထားရန် ညှွန်ကြားထားသည်ဟု မြို့နယ်အုပ်ျခုပ်ရေး၊ ရပ်ကွက်အုပ်ျခုပ်ရေးမှူးနွင့် စစ်ကောင်စီတပ်က စစ်ကားဖြင့် လာ‌ရောက်ပြောကြားထားကြောင်း ရန်ကုန် ခေတ်သစ်မီဒီယာက အတည်ပြု ပြောဆိုသည်။

စစ်ကောင်စီ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းျခုပ် ကုသေရးအစီအမံသည် အလွန်တရာ နုံျခာညံ့ဖျင်းသည်ကို မြင်နေ ရသည်။ သို့မဟုတ် ပြည်သူလူထုအေပါ် စေတနာမပါဘဲ အာဃာတဖြင့် အေပါ်ယံဟန်ပြသေဘာ ကိုဗစ်၁၉ ကပ်ရောဂါကို တိုင်တွယ်နေခြင်းလားဟု မေးခွန်းထုတ်စရာဖြစ်သည်။ ယခင် အရပ်သားအစိုးရလက်ထက် ကိုဗစ်-၁၉ ဒုတိယလွိုင်း အထိ တာဝန်ယူဆောင်ရွက်ခဲ့ပုံနွင့် နွိုင်းယွဉ်လြှင် ဆီနွင့် ရေဟု ဆိုရမည်။ ကာကွယ်ဆေးထိုးရေးကိစ္စကိုလည်း ယခုအခြိန်အထိ စမ်းတဝါးဝါး လုပ်နေသည်။ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်၏ တိုးတက်ဖြစ်ထွန်နေသော စီးပွားရေးနွင့်ပညာရေး အပါ အဝင် ကဏ္ဍေပါင်းစုံ အနုတ်လက္ခဏာ အောက်သို့ ထိုးဆင်းစေခဲ့သည်။ စစ်အာဏာသိမ်းမှုကြောင့် နုံျခာညံ့ဖျင်းလွန်းသော စစ်တပ်၏ စီမံမှုအောက်တွင် ပြည်သူတို့၏ အဖိုးတန် အသက်ပေါင်း ျမားစွာကို စေတးနေရပြန်လေပြီ။

တနိုင်ငံလုံး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြံ့နွံ့မှု မြင့်တက်နေခြင်းသည် အကြမ်းဖက် စစ်ကောင်စီက ကိုဗစ်-၁၉ ကို လက်နက်သဖွယ် အသုံးချနေသောကြောင့် ဖြစ်သည်ဟု ပြည်သူအျမားက ယုံကြည်နေသည်။ အမြိုးသားညီညှတ်ရေး အစိုးရ(NUG)၏ အမြိုးသားအဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းျခုပ်၊ ကုသေရးကော်မရွင်၊ အတွင်းရေးမှူး ဒေါက်တာ ဇော်ဝေစိုးက အကျဉ်းထောင်ျမားတွင် ကိုဗစ် ကပ်ရောဂါကူးစက်ပြန့်ပွား သေဆုံးမှုျမား ဖြစ်ပွားနေခြင်းနွင့် ပတ်သက်၍ စစ်ကောင်စီအား ပြင်းပြင်းထန်ထန် သတိပေးကြောင်း ဇူလိုင် ၁၃ ရက်စွဲဖြင့် လက်မွတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတဝန်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြောက်ခမန်းလိလိ သေဆုံးမှုျမားဖြစ်ပွားနေခြိန်တွင် စစ်ကောင်စီက လူသားချင်းစာနာမှု မရွိဘဲ အာဏာတည်မြဲရေးကိုသာရွေးရှု၍ ပြည်သူလူထုအား ဖိနွိပ်ရာ၌ ကိုဗစ်-၁၉ ရောဂါကို လက်နက် သဖွယ် အသုံးချနေသည်ဟု NUG က ဆိုသည်။ လူတိုင်းလွတ်လပ်စွာ ဆေးကုသ ပိုင်ခွင့်သည် အခြေခံ လူ့အခွင့်အေရး တရပ်ဖြစ်သော်လည်း စစ်ကောင်စီက ပြည်သူျမား ဆေးကုသခွင့် ဆုံးရှုံးစေရန် နည်းမြိုးစုံဖြင့် ပိတ်ပင်တားဆီးနေသည်ဟု ဒေါက်တာ ဇော်ဝေစိုးက ဆိုသည်။ ထိုသို့ လူ့အခွင့်အေရး ခြိုးဖေါက်မှုျမားကို သက်သေ သာဓက အေမြာက်အမြားတွေ့ရွိ ထားသည်ဟု ဒီဗွီဘီ သတင်း၌ ဖေါ်ပြသည်။

ပြည်သူလူထုအနေဖြင့် “ပြေးစရာ မြေမရွိ” ဆိုသကဲ့သို့ စိတ်ဓာတ်လုံခြုံမှု မရွိဘဲ နေ့စဉ်နဲ့အျမှ စိတ်ရောကိုယ်ပါ ပင်ပန်းကြီးစွာ ဆင်းရဲမှု ခံစားနေရသည်ကိုလည်း ကြားသိနေရေကြာင်း၊ ထို့ထက်ပိုဆိုးသည်မွာ အကျဉ်းထောင်ျမားအတွင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား၊ ကူးစက်၊ သေဆုံးမှုနှုန်းသည် စိုးရမ်ဖွယ်ရာကောင်းလောက်အောင် မြင့်တက်နေကြောင်း ခိုင်လုံသော သတင်းရင်းမြစ်ျမားမွတဆင့် သိရွိသည်ဟု ထုတ်ပြန်ခကြ်၌ ဖေါ်ပြထားသည်။

အထူးသဖြင့် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရေသာ နိုင်ငံရေးအကျဉ်းသားျမားကို ကိုဗစ်-၁၉ ရောဂါကူးစက် သေဆုံး စေရန် စစ်ကောင်စီက ရည်ရွယ်ခကြ်ရွိရွိ လုပ်ဆောင်နေသည်ဟု ဒေါက်တာ ဇော်ဝေစိုးက ဆိုသည်။ ထို့ကြောင့် နိုင်ငံရေး အကျဉ်းသားျမားအား ရောဂါကူးစက်မှုကြောင့် ထိခိုက်သေဆုံးမှုျမား မဖြစ်ပွားစေရန် လုံလောက်သော ကျန်းမာရေး စောင့်ရွောက်မှုျမား ခံယူရရွိနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခွှင်းခကြ်မရွိ ခကြ်ချင်းလွွတ်ပေးရန်လည်း NUG က သတိပေးထားသည်။ နိုင်ငံရေးအကျဉ်းသားျမားအနေဖြင့် လုံလောက်သည့် ဆေးဝါးကုသမှု မရရွိဘဲ ထိခိုက်နစ်နာမှုျမား ဖြစ်လာခဲ့ပါက ယင်း အကြိုးဆက် အားလုံးကို အကြမ်းဖက် စစ်ကောင်စီက တာဝန်ယူရမည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါ လူမဆန်သော လုပ်ရပ်ျမားအတွက် ပြည်သူ့ဆန္ဒအရ တရားဥပဒေနွင့်အညီ ပြင်းပြင်းထန်ထန် အေရးယူဆောင်ရွက်သွား မည်ဟု ထုတ်ပြန်ခကြ်၌ ဖော်ပြထားသည်။

လက်ရွိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တတိယလွိုင်း ပြင်းထန်နေပြီး၊ အောက်ဆီဂျင် မလုံလောက်သည့် ပြဿနာ ကြီးမား နေသည်။ ျဖားနာနေသူ လူတစ်ရာတွင် သုံးဆယ်ရာခိုင်နှုန်းခန့်အထိ အောက်ဆီဂျင်ရရွိရန် လိုအပ်နေကြောင်း မန္တေလးမြို့ အခြေစိုက် ဆရာဝန်ျမားက RFA သတင်းသို့ ပြောသည်ဟု ဆိုသည်။ အောက်ဆီဂျင်မရသဖြင့် နေ့စဉ် ကိုဗစ်၁၉ လူနာျမား သေဆုံးမှု တိုးလာနေသော်လည်း စစ်တပ်ခေါင်းဆောင် ဗိုလ်ျခုပ်မှူးကြီး မင်းအောင်လွိုင်က အောက်ဆီဂျင် မလုံလောက် ကြောင်း ပြောဆိုခကြ်ျမားကို နိုင်ငံရေးအမြတ်ထုတ်မှုဟု ဆိုကာ ငြင်းပယ်နေသည်။

မင်းအောင်လွိုင်က အောက်ဆီဂျင် လုံလောက်မှု ရွိသည်ဟု ပြောနေသော်လည်း ဇူလိုင် ၁၃ ရက်နေ့ တစ်ရက်တည်းမွာပင် မန္တေလးမြို့၌ သုံးလသားအရွယ် ကေလးငယ်တစ်ဦး အပါအဝင် လူနာ ၅၀ ဝန်းကျင်ခန့် အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့ရသည်ဟု ရုပ်အေလာင်းျမား သယ်ယူပို့ဆောင်ပေးနေသော ပရဟိတ မင်းခေါင် လူမှုကူညီရေးအသင်း တာဝန်ရွိသူတစ်ဦးက RFA သတင်းသို့ အတည်ပြုခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းျခုပ်၊ ကုသေရးဆိုင်ရာ ဒုတိယအကြိမ် ညှိနွိုင်း အစည်းအေဝးကို နေပြည်တော်၌ ဇူလိုင် ၁၂ ရက်နေ့က ပြုလုပ်ခဲ့စဉ် မင်းအောင်လွိုင်က အောက်ဆီဂျင် အလုံအေလာက်ရွိသည်ဟု ယင်းအစည်းအေဝးတွင် ပြောကြားခဲ့သည်။ အောက်ဆီဂျင် မလုံလောက်ဟုဆိုသော Information အမွားျမားဖြင့် လူတခြို့က ပွဲလန့်တုန်း ျဖာခင်းနေကြခြင်းသာ ဖြစ်သည်ဟု သူက ဆိုသည်။

မြေပြင်လက်တွေ့ အခြေအနေတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာအရေအတွက် နေ့စဉ်နွင့်အျမှ တိုးမြင့်လာနေပြီး ဆေးရုံ၊ ဆေးခန်းျမားကလည်း လက်ခံကုသေပးရန် အခက်အချဲမား ရွိလာနေသောကြောင့် ကိုယ့်နေအိမ်မွာပင် ရောဂါဝေဒနာဒဏ်ကို ခံစားရင်း အောက်ဆီဂျင်ပြတ်လပ် သေဆုံးမှုျမား နေ့စဉ် ဖြစ်ပေါ်လကြ်ရွိသည်ဟု သိရသည်။

ရွမ်းမြောက် ဒေသမြို့နယ် ၂၀ ကြော်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနွင့် သံသယလူနာျမားအနက် အောက်ဆီဂျင်မရသဖြင့် သေဆုံးရသူ စုစုပေါင်း ဇူလိုင် ၁၂ ရက်နေ့အထိ ၁၀၀ ကြော်အထိ ရွိနေကြောင်း၊ ယင်းတို့အနက် လားရွိုးမြို့ ဆေးရုံတခုတည်းမွာပင် ပိုးတွေ့လူနာသေဆုံးသူ ၃၀ ဦးရွိခဲ့သည်ဟု ဆိုသည်။ ဆေးရုံျမား၊ ကိုဗစ်ကုသေရးစင်တာျမား အားလုံးနီးပါးတွင် လူနာ ျမားပြည့်နေ၍ လက်မခံဘဲ ပြန်လွွတ်နေသည်ဟူသော သတင်းျမားကြောင့် အိမ်မွာနေရင်း အောက်ဆီဂျင်နွင့် နေကြသည့် လူနာျမားလာနေသည်ဟု မန္တေလးမြို့အခြေစိုက် ပရဟိတ မင်းခေါင်လူမှုကူညီရေးအဖွဲ့က ဆိုသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့အျမားအပြားအတွင်း၌လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုျမား ကယြ်ပြန့်လာနေသည်ဟု ဆိုသော်လည်း စစ်တပ်က သတင်းျမား ဖုံးဖိထားသည်။ သို့သော် စစ်တပ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းျခုပ် ကုသေရးအတွက် လိုအပ်နေသည့် ဆေးဝါးနွင့် အေထာက်အကူပစ္စည်းျမားကို အရပ်ဘက်ပရဟိတေဆးခန်းျမားထံမွ အဓမ္မသိမ်းယူနေသည့် ဖြစ်ရပ်ျမားလည်း တွေ့မြင်နေရသည်။ ထို့အပြင် စစ်အုပ်စုလူနာျမားအတွက် အောက်ဆီဂျင်ရရွိရေးကို အထူးဦးစားပေး ဆောင်ရွက်နေခြင်းကြောင့် ပြင်ပ အရပ်သားလူနာျမား အောက်ဆီဂျင် အလွယ်တကူ မရရွိဘဲ ဖြစ်နေရသည်ဟုလည်း ဝေဖန်ပြောဆိုမှုျမား ရွိနေသည်။

အခြားအဟန့်အတား တခုမွာ ညမထွက်ရအမိန့်ဖြစ်သည်။ ညဘက်တွင် အောက်ဆီဂျင် အေရးပေါ်လိုအပ်သည့် လူနာျမားအတွက် ပရဟိတအဖွဲ့ျမားက ကူညီရန် ကြိုးပမ်းသော်လည်း စစ်သားျမားက သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခြင်း၊ အောက်ဆီဂျင်အိုးျမား သိမ်းယူသွားခြင်း စသည့် အေတွ့အကြုံျမားကြောင့် လူနာျမား မသေဆုံးသင့်ဘဲ သေဆုံးနေကြရသည်ဟု ဆိုသည်။ ထို့ပြင် ခွဲစိတ်ကုသရမည့် အေရးပေါ်လူနာျမားအတွက်ပင် အောက်ဆီဂျင်မရသဖြင့် ခွဲစိတ်မှုျမား ရွွေ့ဆိုင်းနေရသည်ဟု ခွဲစိတ်ဆရာဝန်ကြီးျမားက ပြောကြောင်း ကြားသိနေရသည်။ မင်းအောင်လွိုင်က အောက်ဆီဂျင် အလုံအေလာက်ရွိသည်ဟု ပြောနေခြင်းမွာ စစ်အုပ်စုအတွက်ဆိုလြှင်တော့ ဖြစ်နိုင်ပါသည်။ အရပ်သားျမားအဖို့မွာမူ စစ်ဆေးရုံျမားကို အားထားခွင့်မရွိသဖြင့် အောက်ဆီဂျင်ပြတ်ကာ သေဆုံးရသည့် အရေအတွက် မြင့်တက်နေပေသည်။

အောက်ဆီဂျင်မရ၍ နေ့စဉ် ကိုဗစ်-၁၉ လူနာျမား သေဆုံးမှု တိုးလာနေသော်လည်း စစ်တပ်ခေါင်းဆောင် ဗိုလ်ျခုပ်မှူးကြီး မင်းအောင်လွိုင်ကမူ အောက်ဆီဂျင် မလုံလောက်ဟု ပြောဆိုနေခြင်းသည် နိုင်ငံရေးအမြတ်ထုတ်မှု ဖြစ်သည်ဟု ဆိုနေသည်။ အောက်ဆီဂျင်ရရွိရေး ခက်ခဲအောင် လက်တွေ့ခြိမ်းခြောက်ဟန့်တားနေသူျမားမွာ စစ်သားျမားနွင့် ညမထွက်ရ အမိန့်ဖြစ်နေသည်ကို ထင်ထင်ရွားရွား မြင်တွေ့နေရသည်။ သို့ဖြစ်၍ မင်းအောင်လွိုင်သည် ကိုဗစ်-၁၉ ရောဂါ ပြန့်နွံ့ စေရန် ဇက်ကြိုးလွွတ်ထားခြင်းလား၊ စစ်အာဏာ သက်ဆိုးရွည်ရေးအတွက် ကိုဗစ်-၁၉ ကို အသုံးချနေပြီလားဟု မေးခွန်းထုတ်ဖို့ ဖြစ်လာနေသည်။

ဤအေတာအတွင်း မြန်မာနိုင်ငံတွင် လက်ရွိ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုကြောင့် လာမည့် လျမားအတွင်း စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာနွင့် ကြုံရနိုင်၍ အေရးပေါ် ရိက္ခာ ဖြန့်ဖြူးနိုင်ရေး ကုလသမဂ္ဂက ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးျခုပ်၏ ပြောခွင့်ရသူ Farhan Haq က ဇူလိုင် ၁၃ ရက်နေ့ နယူးယောက် ကုလသမဂ္ဂ သတင်းစာ ရွင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ လာမည့် မုတ်သုံရာသီတွင် ပိုမိုဆိုးရွားနိုင်ကြောင်း၊ ကုလသမဂ္ဂက ဆိုသည်။ တိုက်ပွဲျမား ဆက်ဖြစ်နေသည့် အခကြ်နွင့် ဘဏ်ဝန်ဆောင်မှု အခက်အခဲဖြစ်နေသဖြင့် မုတ်သုံရာသီတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍ အခက်အခဲ ထပ်ဖြစ်နိုင်သည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။ နောက် ၆ လအတွင်း သန်းနဲ့ခြီသော မြန်မာ ပြည်သူျမား အစာရေစာ ပြတ်လပ်မှုနွင့် ကြုံတွေ့နိုင်သည်ဟုလည်း ကမ္ဘာ့စားနပ်ရိက္ခာနွင့် စိုက်ပြိုးရေး အဖွဲ့ FAO က ပြောဆို ထားသည်။

ယင်းသို့သော အခြေအနျေမားကြောင့် မြန်မာနိုင်ငံသည် အကြမ်းဖက် စစ်ကောင်စီ ဖန်တီးသည့် ပြည်တွင်းစစ် သတ္ထန္တရ ကပ်နွင့် ကိုဗစ်-၁၉ ရောဂန္တရာကပ်တို့အပြင် စားရေရိက္ခာ ရွားပါးပြတ်လပ်မှုဆိုသည့် ဒုဗ္ဘိက္ခန္တရကပ်၏ ခြိမ်းခြောက်မှုနွင့်လည်း ရင်ဆိုင်ရဖွယ်ရွိနေသည်။ အဆိုပါ ကပ်ဘေးဆိုး ၃ ရပ် ဖြစ်ပေါ်လာအောင် ဖန်တီးခဲ့သူမွာ အာဏာရူး မင်းအောင်လွိုင်နွင့် အကြမ်းဖက် စစ်တပ်ဖြစ်သည်။ ထို့ကြောင့် ကပ် ၃ ပါးကို ကြော်နင်းနိုင်ရန် အာဏာသိမ်းစစ်အုပ်စုအား ဦးစွာ ျခေမှုန်းကြရ ပေမည်။

နွေဦးတော်လွန်ရေး အောင်မြင်ရေးအတွက် သွေးခွဲသတ်လြှိုမှု အမြိုးမြိုးကို နိုင်ငံရေးသတိကြီးကြီး ထား၍ ဂျန်ဇျီးမား၊ ကြောင်းသားသမဂ္ဂျမား၊ အလုပ်သမားသမဂ္ဂျမား၊ တိုင်းရင်းသားပါတျီမား၊ တိုင်းရင်းသားအစည်းအရုံးျမား၊ EAO ျမား၊ PDF ျမား၊ အကြား သွေးစည်းညီညှတ်မှု ခိုင်မာဖို့လိုသည်။ ထို့ပြင် CRPH နွင့် NUG တို့ကလည်း အာဏာသိမ်း စစ်အုပ်စုကို တော်လွန်နေကြေသာ မိတ်ဖက်အဖွဲ့အစည်းျမားနွင့် သွေးစည်းမှုရွိကြောင်း လက်တွေ့ပြသရန်လိုသည်။ အထူးသဖြင့် သူလြှို ဒလန်ျမားဖြင့် တော်လွန်ရေးအင်အားစုအချင်းချင်း သွေးကွဲအောင်လုပ်လာမည့်အေရးကို သတိရွိစွာ လက်တွဲ ကာကွယ်ဖို့လို သည်။ သို့မွသာ ကပ်ကြီးသုံးပါးကို ဖန်တီး၍ အာဏာသိမ်းရန် ကြံသူ မင်းအောင်လွိုင်အုပ်စုကို ျခေမှုန်းနိုင်မည်။ တဆက်တည်း ကပ်ဘေးဆိုး ၃-ရပ်ကိုလည်း နိုင်ငံအတွင်းမွ ဖယ်ရွားနိုင်မည်ဖြစ်ပေသည်။

ကောင်းဇေလူ

တင်ပြသူအားလေးစားစွာဖြင့်#ခရက်ဒစ်;;