ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးက ဇွန်လ ၁၆ ရက်နေ့ထုတ် ထိုင်းထီပထမဆု
နှစ်စောင်တွဲ ဘတ် ၁၂ သန်း (မြန်မာကျပ်ငွေ သိန်း ၆၀၀၀) အနက် ထိုင်းဘတ် တစ်သိန်း
(မြန်မာကျပ်ငွေ သိန်း ၅၀) ကို မြန်မာ့နွေဦးတော်လှန်ရေးအတွက် လိုအပ်တဲ့နေရာမှ
ာအသုံးပြုဖို့ ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေတဲ့ (AAC) ကို
လှူဒါန်းခဲ့တယ်လို့ အထွေထွေတာဝန်ခံ ဦးရဲမင်းက ပြောပါတယ်။
အဲဒီလို AAC ကို လှူဒါန်းခဲ့တဲ့ ထိုင်းဘတ် တစ်သိန်းအနက် ပထမဦးစွာ ဘတ်ငါးသောင်း
(မြန်မာကျပ်ငွေ ၂၅ သိန်း ) ကို တော်လှန်ရေး ရဲဘော်တွေအတွက် လိုအပ်တာ ဝယ်ယူဖို့
လှူဒါန်းသွားမယ်လို့ AAC အထွေထွေတာဝန်ခံ ဦးရဲမင်းက ရေးသားထားပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အတွက်
မြန်မာကျပ်ငွေ သိန်းတစ်ထောင်ကိုလည်း AAC နဲ့ ထိုင်းရောက်မြန်မာတွေ စုပေါင်းကာ
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က လှူဒါန်းခဲ့ကြပြီး NUG အစိုး လူမှုရေးဝန်ကြီး ဦးလွင်ကိုလတ်က
မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပေးပို့ခဲ့ပါတယ်။
ဓာတ်ပုံ- ဦးရဲမင်း ဖေ့စ်ဘွတ်
#ခရက်ဒစ်